ရန်ကုန်၊ ဇွန်၊ ၃ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန် ၅ ရက်မှ ၆ ရက်အတွင်း ဝင်ရောက်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမုတ်သုံဝင်ရောက်ကာ မိုးရာသီရောက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇွန် ၃ ရက်တွင်ပြောသည်။
လာဆာ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သဘာဝပတ်ဝန်းကျင်အရ ကမ္ဘာပေါ်တွင် အကောင်းဆုံးနေရာများအနက် တစ်ခုအပါအဝင်အဖြစ် ဆက်လက် တည်ရှိနေပြီး ပြီးခဲ့သောနှစ်တွင် တည်ငြိမ်သောသဘာဝပတ်ဝန်းကျင် အရည်အသွေးအား ထိန်းသိမ်းထားကြောင်း ယနေ့ ဇွန် ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ခုအရ သိရသည်။
တိုကျို၊ ဇွန် ၃ ရက် (ဆင်ဟွာ) ရက်ပေါင်း ၅၀ အတွင်း ကျင်းပတော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် စေတနာ့ဝန်ထမ်း ၈၀,၀၀၀ အနက် ၁၀,၀၀၀ ခန့် နုတ်ထွက်သွားခဲ့ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။
နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဧပြီလမှ မေလအထိ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ဆရာဝန် ၅၉၄ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း(IMA)က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖိုရိမ်ကို ဇွန်လ ၂ ရက်၌ မြေပြင် နှင့် အွန်လိုင်း ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဖိုရမ်တက်ရောက်ခဲ့ကြသောသူများက တရုတ် နှင့် အာဆီယံနိုင်များမှ မီဒီယာများသည်...
လန်ဒန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) Times Higher Education (THE)၏ အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်စာရင်းကို ဇွန် ၂ ရက်က ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ်များသည် ထိပ်ဆုံး နေရာနှစ်ခုအတွက် နှစ်နှစ်ဆက်တိုက် ဦးဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇွန် ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန် တောင်ဘက်ရှိ ရေနံချက်စက်ရုံတွင် ဇွန် ၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဇွန်လ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ အလုပ်လက်မဲ့ဖြစ်မည့် လူဦးရေမှာ ၂၀၅ သန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သော ၁၈၇ သန်းထက်...
ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။