Connect with us

International Organizations

လာမည့်နှစ်၌ ကမ္ဘာပေါ်တွင် လူသန်း ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်မည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ခန့်မှန်း

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ညွှန်ကြားရေးမှူးချုပ် Guy Ryder က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဇွန်လ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ အလုပ်လက်မဲ့ဖြစ်မည့် လူဦးရေမှာ ၂၀၅ သန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သော ၁၈၇ သန်းထက် များစွာ ကျော်လွန်သွားမည်ဖြစ်ကြောင်း သိရသည်။“ကမ္ဘာ့ အလုပ်အကိုင်အခွင့်အလမ်း နှင့် လူမှုအသိုက်အဝန်း မျှော်မှန်းချက် ၊ ၂၀၂၁ ခုနှစ် အလားအလာ ” ဟူ၍ အမည်ပေးထားသည့် အစီရင်ခံစာတွင် COVID-19 ကပ်ရောဂါကြောင့် အလုပ်သမားဈေးကွက် အန္တရာယ် ဖြစ်ပွားမှုသည် အချိန်ပိုမိုကြာမြင့်နိုင်ဖွယ်ရှိပြီး ၂၀၂၃ ခုနှစ် မတိုင်မီ အချိန်ထိ ကမ္ဘာ့အလုပ်အကိုင် အခွင့်အလမ်း တိုးတက်မှုပမာဏသည် ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသည့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုပမာဏကို ဖြည့်စွမ်းပေးနိုင်မည် မဟုတ်ကြောင်း သိရသည်။

အစီရင်ခံစာ၏ စာရင်းပြုစုချက်အရ ယခုနှစ် ကမ္ဘာ့အလုပ်သမားဈေးကွက်တွင် အလုပ်အကိုင် ရလိုမှု နှင့် ထောက်ပံ့ပေးနိုင်မှု ကြား ကွာဟချက်သည် ၇၅ သန်း အထိရှိမည် ဖြစ်ပြီး လာမည့်နှစ်တွင် ကွာဟမှုသည် ၂၃ သန်း အထိ လျှော့ကျလာဖွယ်ရှိကြောင်း ဆိုသည်။

ထို့ပြင် အစီရင်ခံစာ၏ စာရင်းပြုစုချက်အရ ကမ္ဘာပေါ်တွင် ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခြင်းမရှိပါက ကမ္ဘာ့အလုပ်အကိုင်အခွင့်အလမ်း မှာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း ၊ ကာကွယ်ဆေး ရရှိနိုင်မည့် အခွင့်အလမ်း မညီမျှမှု ၊ အများစုသော ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ထွန်းသစ်စနိုင်ငံများတွင် စီးပွားရေးအတွက် တွန်းအားပေးနိုင်သည့်စွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ကောင်းမွန်လာသည့် အခြေအနေမှာ မညီမျှသည့် အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

အလုပ်အကိုင် အခွင့်အလမ်း နှင့် အလုပ်ချိန် လျော့ကျလာမှုသည် လုပ်အားခလျှော့ချခြင်း နှင့် ဆင်းရဲနွမ်းပါသူ တိုးမြင့်လာခြင်းဘက်ဆီသို့ ကူးပြောင်းလာခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် နှင့် နှိုင်းယှဉ်ပါက လက်ရှိချိန်တွင် ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးသူ သို့မဟုတ် လွန်စွာဆင်းရဲသည့် အလုပ်သမား ၁၀၈ သန်း ခန့်တိုးပွားလာသဖြင့် ကုလသမဂ္ဂ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ရည်မှန်းချက်ဖော်ဆောင်ရန် ပိုမို ခက်ခဲလာစေခဲ့ကြောင်း အစီရင်ခံစာ၌ ထောက်ပြထားခဲ့သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Guy Ryder က သီးသန့်ဆောင်ရွက်ချက်များဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုမြန်ဆန်စွာ မဖန်တီးပေးပါက လူမှုအသိုင်းအဝိုင်းအား အထောက်အပံ့ပြုထားသည့် အားအင်မတောင့်တင်းသော လူများနှင့် သက်ရောက်မှုအဆိုးရွားဆုံးဖြစ်ပွားခဲ့သည့် စီးပွားရေးဌာနများအနေဖြင့် ကပ်ရောဂါ နောက်ပိုင်းအချိန်တွင် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကြောင့် လူအင်အား နှင့် စီးပွားရေး အလားအလာများ ဆုံးရှုံးသွားမည်ဖြစ်ကာ ဆင်းရဲနွမ်းပါးမှု နှင့် မညီမျှမှု တို့ ကို နှစ်ကာလရှည်ကြာစွာဖြစ်ပွားစေမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

#ILO #Labor #Job #xinhua #myanmar #xinhuamyanmar #အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း #အလုပ်သမား #အလုပ်အကိုင် #ဆင်ဟွာ
——————————————
(Chinese Version)

(经济)国际劳工组织预计明年全球失业人数超2亿

新华社日内瓦6月2日电(记者凌馨)国际劳工组织2日发布的报告预计,2022年全球失业人数将达到2.05亿,远超2019年的1.87亿。
这份名为《世界就业和社会展望:2021年趋势》的报告显示,新冠疫情导致的劳动力市场危机或将持续更久,2023年前全球就业增长规模仍不足以弥补疫情造成的就业损失。

报告预计,今年全球劳动力市场就业需求与供给的差额将达7500万,明年或缩小至2300万。
报告还预计,在全球疫情不恶化的前提下,全球就业或将在今年下半年加速复苏。鉴于疫苗获取机会不均等、多数发展中国家和新兴经济体支持财政刺激措施的能力有限等因素,全球就业复苏将呈现不平衡态势。

报告指出,就业和工时的下降已经转化为劳动收入的下降和贫困人口的增加。与2019年相比,目前全球增加约1.08亿贫困或极端贫困劳动者,加大实现联合国消除贫困目标的难度。

国际劳工组织总干事盖伊•赖德警告,如果不采取专门措施加快创造工作机会、支持社会中最脆弱成员和受影响最严重的经济部门,疫情的后续影响可能会以损失人力和经济潜力、加剧贫困和不平等的形式持续多年。(完)

Photo
6月10日,在瑞士日内瓦,国际劳工组织总干事盖伊•赖德在国际劳工大会上致辞。 第108届国际劳工大会10日在日内瓦开幕。本次大会的焦点议题是如何应对科技创新、气候变化等因素可能对未来工作领域构成的新挑战。 新华社记者 徐金泉 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.