Connect with us

Asia

အီရန်နိုင်ငံ မြို့တော်ရှိ ရေနံချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား

အီရန်နိုင်ငံ တီဟီရန်မြို့ တောင်ဘက်ရှိ ရေနံချက်စက်ရုံမှ မီးခိုးများထွက်ပေါ်လာသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန် တောင်ဘက်ရှိ ရေနံချက်စက်ရုံတွင် ဇွန် ၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။“တီဟီရန် ရေနံချက်စက်ရုံမှာရှိတဲ့ ဂတ်စ်အရည်ထုတ်တဲ့လိုင်းတွေထဲက တစ်ခု ပျက်စီးသွားတယ်။ ဒါပေမဲ့ သိသလောက်တော့ ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး” ဟု တီဟီရန် ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ မန်နေဂျင်းဒါရိုက်တာ Masour Darajati က နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တီဟီရန်မြို့ တောင်ဘက်ရှိ ရေနံချက်စက်ရုံမှ မီးခိုးများထွက်ပေါ်လာသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုအား ထိန်းနိုင်ရန် မီးသတ်သမားများအား တပ်ဖြန့်တာဝန်ပေးထားကြောင်း Darajati က ပြောခဲ့သည်။အဆိုပါ မီးလောင်မှုတွင် ဒဏ်ရာရသူမရှိကြောင်း တီဟီရန် အရေးပေါ်စင်တာက ကြေညာခဲ့သည်။

ထို့ပြင် Shahid Tondguyan ရေနံချက်စက်ရုံ ပြည်သူ့ဆက်ဆံရေးဌာနက မီးလောင်မှုသည် အဖျက်လုပ်ငန်းကြောင့်ဖြစ်နိုင်ခြေရှိသည့်ပြောဆိုချက်ကို ပယ်ချခဲ့ကြောင်း အီရန်နိုင်ငံ Labor News Agency (ILNA) ပြောကြားချက်အရ သိရသည်။

အဆိုပါ မြို့ရှိ အခြားနေရာများမှပင် မီးခိုးလုံးမည်းများအား မြင်တွေ့ရသည့် ဓာတ်ပုံများကို ဒေသတွင်းမီဒီယာက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

#Iran, #Tehran, #OilRefinery, #Fire, #Xinhua, #Myanmar, #XinhuaMyanmar, #အီရန်, #တီဟီရန်, #ရေနံချက်စက်ရုံ, #မီးလောင်မှု #ဆင်ဟွာ
——————————————
(English Version)

Fire erupts in oil refinery in Iran’s capital

TEHRAN, June 2 (Xinhua) — A huge fire broke out in the Shahid Tondguyan Oil Refinery in the south of Iran’s capital Tehran on Wednesday evening, local media reported.

“One of the liquid gas transmitting lines in Tehran refinery has been damaged… but apparently there is no serious risk,” Masour Darajati, the managing director of Tehran crisis management team told state TV.

Firefighters have been dispatched to the area to contain the fire, said Darajati.
The Emergency Center of Tehran announced that so far no one has been injured in the incident.

Meanwhile, the public relations of the Shahid Tondguyan Oil Refinery dismissed the possibility of sabotage act at the refinery, according to the Iran’s Labor News Agency (ILNA).
Local media published pictures of thick smoke from the blaze which is visible from other parts of the city. Enditem

1-2- Smoke rises from an oil refinery in the south of Tehran, Iran, on June 3, 2021. A huge fire broke out in the Shahid Tondguyan Oil Refinery in the south of Tehran on Wednesday evening, local media reported. (Photo by Ahmad Halabisaz/Xinhua)