Connect with us

Asia

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ ဒေသများတွင် လော့ခ်ဒေါင်းကာလ ထပ်မံတိုးမြင့်

နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၏ မြင်ကွင်းတစ်နေရာအား မေ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ခတ္တမန္ဒူတောင်ကြားဒေသ ခရိုင်(၃)ခုတွင် ယင်းနေ့က ပူးတွဲအစည်းအဝေးကျင်းပခဲ့ရာ လော့ခ်ဒေါင်းကာလကို ဇွန် ၁၄ ရက်အထိ (၁၀)ရက်ထပ်တိုးရန် ဆုံးဖြတ်ခဲ့သည်။ ယခုရက်ပိုင်းများတွင် ၎င်းဒေသ၌ ကိုဗစ်အတည်ပြုလူနာ ထပ်တိုးမှုအနည်းငယ်လျော့ကျလာခြင်းကြောင့် လော့ဒေါင်းအမိန့်သစ်ဖြင့် ယခင်က ဖွင့်လှစ်ရန် ပိတ်ပင်ခဲ့သည်း စားသောက်ဆိုင်ကုန်စုံဆိုင်များကို နေ့စဉ် (၉)နာရီ ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုခဲ့ပြီး မော်တော်ယာဉ်ပြုပြင်ရေးဆိုင်များကို နေ့စဉ် ည (၉)နာရီမှ နောက်တစ်နေ့ နံနက်(၉)နာရီ ထိဖွင့်လှစ်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၏ မြင်ကွင်းတစ်နေရာအား မေ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နီပေါတွင် ဧပြီလဆန်းပိုင်းမှစ၍ ကိုဗစ်ကပ်ရောဂါလှိုင်းသစ်နှင့်ရင်ဆိုင်ခဲ့ပြီး မေလတွင် နေ့စဉ်ထပ်တိုးလူနာဦးရေသည် များသောအားဖြင့် ရှစ်ထောင်ကျော် ကိုးထောင်အထိ မြင့်တက်ခဲ့ရာ ကပ်ရောဂါ အခြေအနေဆိုးဝါးသည့် ဒေသမှာ ခတ္တမန္ဒူတောင်ကြားဒေသ ဖြစ်သည်။ ဧပြီ ၂၉ ရက်မှစ၍ ယနေ့အထိ ယင်းဒေသကို လော့ခ်ဒေါင်းချမှတ်ခဲ့သည်။ နီပေါပြည်ထဲရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇွန် ၂ ရက်အထိ တစ်နိုင်ငံလုံးရှိ ခရိုင်(၇၇)ခုတွင် (၇၅)ခုကို လော့ခ်ဒေါင်းချထားခြင်း ဖြစ်ကြောင်းသိရသည်။

နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၏ မြင်ကွင်းတစ်နေရာအား မေ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် ထပ်တိုးအတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ လျော့ကျသွားကြောင်း သိရသည်။ နီပေါကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၂ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် ထပ်တိုးအတည်ပြု လူနာ(၄,၅၂၄)ဦး နှင့် စုစုပေါင်း အတည်ပြုလူနာ (၅၇၁,၁၁၁)ဦး၊ စုစုပေါင်း သေဆုံးသူ (၇,၅၅၅)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际疫情)尼泊尔首都地区再次延长封禁措施

新华社加德满都6月2日电(记者易爱军 周盛平)尼泊尔首都加德满都所在的加德满都谷地2日决定再次延长封禁措施,以遏制新冠疫情。
加德满都谷地三县当天举行联席会议,决定将封禁措施延长10天至6月14日。由于近日加德满都谷地新增新冠确诊病例有所减少,在新的封禁令下,此前被禁止开门营业的食品杂货店可营业到每日9时,车辆维修店可从每日21时营业到次日9时。

尼泊尔4月初以来遭遇新一波新冠疫情,5月大多数时候每日新增确诊病例高达八九千例,其中加德满都谷地是重灾区。自4月29日至今,加德满都谷地一直在实施封禁措施。据尼泊尔内政部数据,截至6月2日,尼全国77个县中有75个县在实施封禁措施。

最近几天,尼泊尔新增确诊病例和死亡病例有所下降。据尼泊尔卫生和人口部6月2日公布的数据,该国当天新增确诊病例4524例,累计确诊571111例,累计死亡7555例。(完)

图说:新华社照片,加德满都,2021年5月14日,行人走在尼泊尔首都加德满都的大街上。