ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၃၅ ဦးရှိပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့်ချိန်မှစ၍ နေ့စဉ်သေဆုံးမှုစာရင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA) က မေ ၁၈ ရက်တွင်ထုတ်ပြန်သည်။
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထား အရေအတွက်မှာ ဧပြီလတွင် ၁,၂၁၈ စီးပြေးဆွဲခဲ့ပြီး ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မေ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ အချက်အလက်များ၌ ဖော်ပြထားသည်။
ဗီယင်ကျန်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံအစိုးရသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြေညာထားသည့်အတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ရထားမောင်းနှင်သွားလာမှုသည် လက်ရှိအချိန်အထိ ရထားအစီးရေ စုစုပေါင်း (၃၈,၀၀၀)စီး၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း TEUကွန်တိန်နာ (၃.၄)သန်းရှိပြီဖြစ်ရာ ဥရောပတိုက် နိုင်ငံပေါင်း (၂၂)နိုင်ငံရှိ မြို့ပေါင်း (၁၅၁)မြို့ကို သွားလာနိုင်ခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု ကွန်ရက်သည့် ဥရောပတစ်ခုလုံးကို လွှမ်းခြုံထားကြောင်း တရုတ်နိုင်ငံ အမျိုးသား...
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ တောတွင်းသို့ ရှားပါး ဆိုက်ဘီးရီးယားကျားတစ်ကောင်ကို အောင်မြင်စွာပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း အမျိုးသား သစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် Mario Draghiတို့ သည် တနင်္လာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် တရုတ်-ဥရောပသမဂ္ဂ(အီးယူ)၏ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ပြီး ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများရင်ဆိုင်ကြရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
လာပါဇ်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce က တရုတ်ဆေးဝါးကုမ္ပဏီ Sinopharm ထံမှ အသစ်ထပ်မံရောက်ရှိသည့် COVID-19 ကာကွယ်ဆေးဖြင့် နိုင်ငံ၌ လူဦးရေ အများအပြားအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်ရန်ကျန်းမာရေးအာဏာပိုင်များအားမေ ၁၇ ရက်တွက် ညွှန်ကြားလိုက်သည်။
ပဲရစ် ၊ မေ ၁၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron နှင့် အီဂျစ်နိုင်ငံသမ္မတ Abdel Fattah Al-Sisi တို့သည် မေလ ၁၇ ရက်၌ ပဲရစ်မြို့တွင် တွေ့ရှိဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းနှစ်နိုင်ငံက ပါလက်စတိုင်း နှင့် အစ္စရေး အကြား...
ဘရပ်ဆဲလ် ၊ မေ ၁၈ ရက် (ဆင်ဟွာ) ဥရောမ ကော်မရှင် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Valdis Dombrovskis က မေလ ၁၇ ရက်၌ လူမှုကွန်ရက်စာမျက်နှာတွင် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အီးယူအနေဖြင့် အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် လက်တုံ့ပြန်သည့် အခွန်တိုးမြှင့်ဆောင်ရွက်မှုဖြစ်သော...
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ”တောက်တဲ့(Tauktae)”တိုက်ခတ်မှုကြောင့် ယနေ့အထိ သေဆုံးသူ အနည်းဆုံး (၁၂)ဦးရှိခဲ့သည်။