Connect with us

Social, Education & Health

ရှားပါး ဆိုက်ဘေးရီးယားကျားတစ်ကောင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောထဲသို့ ပြန်လွှတ်ပေးခဲ့

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ တောတွင်းသို့ ရှားပါး ဆိုက်ဘီးရီးယားကျားတစ်ကောင်ကို အောင်မြင်စွာပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း အမျိုးသား သစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။တရုတ်နိုင်ငံက တောရိုင်း ဆိုက်ဘေးရီးယားကျားတစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့၏ သဘာဝအတိုင်း နေထိုင်နိုင်ရန် လွှတ်ပေးခဲ့ခြင်းသည် ပထမဆုံးဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကျားသည် ဟေးလုံကျန်းပြည်နယ်ရှိ ကျေးရွာတစ်ရွာသို့ ဧပြီ ၂၃ ရက်က လမ်းမှားရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ထို့နောက် ၎င်းကျားကို ဖမ်းဆီးခဲ့ကာ ဒေသခံ တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဆိုက်ဘေးရီးယားကျားများအား Amur သို့မဟုတ် Manchurian ကျားများဟု လူသိများပြီး အဓိကအားဖြင့် ရုရှားနိုင်ငံ အရှေ့ပိုင်း၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်း၌ ကျင်လည်ကျက်စားလျက် ရှိသည်။ တရုတ်နိုင်ငံတွင် ၎င်းမျိုးစိတ်များအား ပထမအဆင့် ကာကွယ်ထိန်းသိမ်းမည့် စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)

——————————————————-
(English Version)

Rare Siberian tiger released back into wild in NE China

BEIJING, May 18 (Xinhua) — A rare wild Siberian tiger was successfully released back into the wild in northeast China’s Heilongjiang Province on Tuesday, according to the National Forestry and Grassland Administration.
This is the first time that China has rescued a wild Siberian tiger and released it to its natural habitat, according to a wildlife expert.

The tiger strayed into a village in Heilongjiang on April 23 and injured a local. Thereafter, it was captured and transferred to a local animal breeding center.

Siberian tigers, also known as Amur or Manchurian tigers, mainly inhabit eastern Russia, northeast China, and the northern part of the Korean Peninsula. The species are on the national first-class protection list in China. Enditem
Siberian tigers play during wild training at the Siberian Tiger Park in Harbin, capital of northeast China’s Heilongjiang Province, Jan. 28, 2018. (Xinhua/Wang Zhaobo)