ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအား ယနေ့(မေ ၁၆ ရက်)၌ ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းထံမှ သိရသည်။
တိုကျို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Hokkaido ဟော့ကိုင်းဒိုးစီရင်စု၌ ယနေ့ မေ ၁၆ ရက်တွင် ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ထံမှ သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန်က မေ ၁၅ ရက်တွင် အစ္စရေး နှင့် ပါလက်စတိုင်း ခေါင်းဆောင်တို့နှင့် သီးခြားစီဖုန်းဆက်သွယ်၍ ပါလက်စတိုင်း-အစ္စရေး နှစ်ဘက်အကြား ဆက်လက် ဖြစ်သွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုလံဘို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ကြီးမားသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၄၂,၀၀၀ ကျော်မှာ ဘေးသင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(DMC)၏ မေ ၁၅ ရက်တွင် နောက်ဆုံးထုတ်ပြန်သော...
မော်စကို၊မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ အခြေခံအာကာသစူးစမ်းလေ့လာရေးအစီအစဉ်၏ “ မဟာအောင်ပွဲတစ်ခု” ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် အာကာသပူးပေါင်းဆောင်ရွက်မှု (Roscosmos) အကြီးအကဲ Dmitry Rogozin က မေ ၁၅ ရက်တွင် ချီးကျူးစကားဆိုခဲ့သည်။
ဘန်ကောက်၊ မေ ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ မေ ၁၅ ရက်တွင် COVID-19 ထပ်မံကူးစက်ခံရသူ ၃,၀၉၅ ဦးရှိပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၉၉,၁၄၅ ဦး ရှိလာပြီဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်း ကူးစက်မှုများလည်းမြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ၏ ထုတ်ပြန်ချက်အရ...
ရီယိုဒီဂျနေးရိုး၊ မေ ၁၅ ရက် (ဆင်ဟွာ) ဘရာဇီး အားကစားသမားများ၊ နည်းပြများနှင့် စာနယ်ဇင်းသမားများအား တိုကျိုအိုလံပစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံမှ Sinovac နှင့် အမေရိကန်ကုမ္ပဏီမှ Pfizer COVID-19 ကာကွယ်ဆေးများအား မေ ၁၄ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံတွင် မြို့ကြီး ၆...
အစ္စလာမ်မာဘတ်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ဆိုင်ခွန်ပူရာခရိုင်၌ မေ ၁၄ ညနေပိုင်း တွင် ခရီးသည်တင်ဗန်ကား တစ်စီးသည် တူးမြောင်းထဲသို့ ပြုတ်ကျပြီးနောက် ကလေး ၇ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာ...
နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀...
ပေကျင်း၊ မေ ၁၅ ရက်(ဆင်ဟွာ) “ထျန်းဝန်-၁” အာကာသစူးစမ်းလေ့လာရေးယာဉ်သည် မေ ၁၅ ရက် ၇ နာရီ ၁၈ မိနစ်တွင် အင်္ဂါဂြိုဟ်၏ Utopia မြေပြန့်တောင်ပိုင်းရှိ ကြိုတင်ရွေးချယ်ထားသည့်နေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန်တစ်ခုဖြစ်သည့် မြေပြင်ဆင်းသက်ခြင်းတွင် အောင်မြင်မှု ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ...