Connect with us

China

အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် “ထျန်းဝန်-၁” အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းအတွက် သမ္မတရှီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာတွင် အင်္ဂါဂြိုလ်ပေါ်သွားယာဉ်”ကျုလုံ”၏ လုပ်ငန်းအခြေအနေကို သိပ္ပံပညာရှင်များ စောင့်ကြည့်နေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက်(ဆင်ဟွာ)

“ထျန်းဝန်-၁” အာကာသစူးစမ်းလေ့လာရေးယာဉ်သည် မေ ၁၅ ရက် ၇ နာရီ ၁၈ မိနစ်တွင် အင်္ဂါဂြိုဟ်၏ Utopia မြေပြန့်တောင်ပိုင်းရှိ ကြိုတင်ရွေးချယ်ထားသည့်နေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန်တစ်ခုဖြစ်သည့် မြေပြင်ဆင်းသက်ခြင်းတွင် အောင်မြင်မှု ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် ကိုယ်စား အင်္ဂါဂြိုဟ်စူးစမ်းလေ့လာမှု ညွှန်ကြားရေးဌာနနှင့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတွင် ပါဝင်ဆောင်ရွက်သူအားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့သည်။

အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်သွားသည့် နမူနာပုံအား မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ပထမဆုံး အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးလုပ်ငန်း ဒီဇိုင်နာချုပ် ကျန်းလုံချောင်မှ အာကာသယာဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားနေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာတွင် အင်္ဂါဂြိုလ်ပေါ်သွားယာဉ်”ကျုလုံ”၏ လုပ်ငန်းအခြေအနေကို သိပ္ပံပညာရှင်များ စောင့်ကြည့်နေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်္ဂါဂြိုဟ်ပေါ်သို့ ထျန်းဝန်-၁ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ(BACC)တွင် အာကာသသိပ္ပံပညာရှင်များ အောင်ပွဲခံနေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂါဂြိုဟ်ပေါ်သို့ ထျန်းဝန်-၁ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ(BACC)တွင် အာကာသသိပ္ပံပညာရှင်များ အောင်ပွဲခံနေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ထျန်းဝန်-၁”အာကာသစူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းသည် တရုတ်နိုင်ငံ၏ ဂြိုဟ်နက္ခတ်တာရာစူးစမ်းလေ့လာရေးခရီးစဉ်၏ အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လျှောက်လှမ်းခြင်းဖြစ်ပြီး ကမ္ဘာဂြိုဟ်နှင့်လကမ္ဘာမှသည် ဂြိုဟ်များသို့ သွားရောက်လေ့လာခြင်းကို ကျော်လွှား၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ်တွင် ပထမဆုံး တရုတ်လူမျိုးများ၏အမှတ်တရပုံရိပ်ကို ထားရှိနိုင်ခြင်းဖြစ်ရာ တရုတ်နိုင်ငံ အာကာသလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းမှတ်ကျောက် နောက်ထပ်တစ်ခုဖြစ်ကြောင်း သမ္မတရှီ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။ အသင်တို့၏ စိန်ခေါ်မှုများကို ရဲဝံ့စွာ ဆောင်ရွက်ခြင်း၊ ထူးချွန်ရန်အတွက် မဆုတ်မနစ်ကြိုးပမ်းခြင်းက တရုတ်နိုင်ငံ၏ ဂြိုဟ်စူးစမ်းလေ့လာရေးကဏ္ဍအား ကမ္ဘာ့ရှေ့တန်းနေရာရောက်ရှိစေခြင်းဖြစ်ရာ နိုင်ငံနှင့်ပြည်သူလူထုက သင်တို့၏ထူးချွန်ပြောင်မြောက်သည့်ဂုဏ်ရောင်ကို အစဉ်အမြဲစွဲမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ အင်္ဂါဂြိုဟ်တွင် လှည့်ပတ်၍ သိပ္ပံသုတေသနပြုမှုများကို ဂရုတစိုက် စုစည်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ ကိုယ့်အားကိုယ်ကိုးသိပ္ပံနည်းပညာကို လက်ကိုင်ထားခြင်း၊ ဂြိုဟ်စူးစမ်းလေ့လာရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ခြင်း စသည့် အာကာသလုပ်ငန်းများကို လုပ်ဆောင်သွားကြရန်မျှော်လင့်ကြောင်း ၊ အာကာသကဏ္ဍတွင် အင်အားကောင်းသည့်နိုင်ငံအဖြစ် အရှိန်အဟုန်မြှင့်တည်ဆောက်သွားရန် စကြာဝဠာ၏လျှို့ဝှက်နက်နဲမှုကို လေ့လာပြီး လူသားမျိုးနွယ်တို့၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသစ်ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်က ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ(BACC)တွင် “ထျန်းဝန်-၁” အင်္ဂါဂြိုဟ်မြေပြင်သို့ ဆင်းသက်သည့်အခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် လျိုဟဲ့က သမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ရာ လုပ်ငန်းစဉ်တစ်ခုတည်းတွင် အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ မြေပြင်ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်လှည့်လည်သွားလာခြင်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ “ထျန်းဝန်-၁”အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်တွင် ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ Long March 5 သယ်ဆောင်ရေးဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အင်္ဂါဂြိုဟ်၏ပုံရိပ်ကို ဖမ်းယူနိုင်ခဲ့ရာ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်သို့သွားရောက်သည့် ဂြိုဟ်တုဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အာကာသယာဉ်သည် အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဝင်ရောက်ခဲ့ပြီး ပတ်လမ်းတစ်လျှောက်စူးစမ်းလေ့လာပျံသန်းမှုများအား (၃) လခန့်ကြာ ပြုလုပ်ခဲ့ရာ အင်္ဂါဂြိုဟ်မြေပြင်သို့ အဆင်ပြေချောမွေ့စွာ ဆင်းသက်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ “ထျန်းဝန်-၁”အာကာသစူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းသည် တရုတ်နိုင်ငံအတွက် ကမ္ဘာဂြိုဟ်ပြင်ပ အခြားဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခြင်း၏ ပထမဆုံးအကောင်အထည်ဖော်မှုဖြစ်သလို အင်္ဂါဂြိုဟ်သို့ ဆင်းသက်နိုင်သည့် ဒုတိယမြောက်နိုင်ငံဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)သည် ဥရောပအာကာသအေဂျင်စီ (ESA)နှင့်လည်းကောင်း၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဩစတြီးယားစသည့် နိုင်ငံတကာအာကာသအဖွဲ့အစည်းများ၊ အမျိုးသားအာကာသဌာနများနှင့်လည်းကောင်း သက်ဆိုင်ရာ စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စကြာဝဠာ၏လျှို့ဝှက်နက်နဲမှုများကို အတူစူးစမ်းလေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး အင်္ဂါဂြိုဟ်၏ပြောင်းလဲပုံ၊ သက်ရှိအစပျိုးပုံစသည့် အသိအမြင်များတိုးပွားလာအောင် ဉာဏ်ပညာနှင့်အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
我国首次火星探测任务天问一号探测器成功着陆火星
习近平代表党中央、国务院和中央军委致电祝贺 韩正在北京观看着陆情况
2021-05-15 10:09:53 来源: 新华网
新华社北京5月15日电 5月15日7时18分,天问一号探测器成功着陆于火星乌托邦平原南部预选着陆区,我国首次火星探测任务着陆火星取得成功。中共中央总书记、国家主席、中央军委主席习近平致贺电,代表党中央、国务院和中央军委,向首次火星探测任务指挥部并参加任务的全体同志致以热烈的祝贺和诚挚的问候。
习近平在贺电中指出,天问一号探测器着陆火星,迈出了我国星际探测征程的重要一步,实现了从地月系到行星际的跨越,在火星上首次留下中国人的印迹,这是我国航天事业发展的又一具有里程碑意义的进展。你们勇于挑战、追求卓越,使我国在行星探测领域进入世界先进行列,祖国和人民将永远铭记你们的卓越功勋!
习近平强调,希望你们再接再厉,精心组织实施好火星巡视科学探测,坚持科技自立自强,精心推进行星探测等航天重大工程,加快建设航天强国,为探索宇宙奥秘、促进人类和平与发展的崇高事业作出新的更大贡献!
中共中央政治局常委、国务院副总理韩正在北京航天飞行控制中心观看天问一号探测器实施火星着陆情况。
中共中央政治局委员、国务院副总理刘鹤在现场宣读了习近平的贺电。
我国首次火星探测任务于2016年立项,计划通过一次任务实现火星环绕、着陆和巡视探测。天问一号探测器于2020年7月23日在海南文昌由长征五号运载火箭成功发射,2021年2月10日成功实施火星捕获,成为我国第一颗人造火星卫星,2月24日探测器进入火星停泊轨道,开展了为期约3个月的环绕探测,为顺利着陆火星奠定了基础。中国国家航天局与欧空局、阿根廷、法国、奥地利等国际航天组织和国家航天机构开展了有关项目合作,将共同为探索宇宙奥秘、增进对火星演化的认知、了解生命起源等贡献智慧和力量。
【纠错】 责任编辑: 赵文涵
图说1:5月15日,航天科研人员在北京航天飞行控制中心监测“祝融号”火星车工作情况。新华社记者 金立旺 摄
图说2:火星探测器着陆火星表面模拟图(5月15日摄)。新华社记者 金立旺 摄
图说3:5月15日,中国首次火星探测任务工程总设计师张荣桥介绍火星车情况。新华社记者 饶爱民 摄
图说4: 5月15日,航天科研人员在北京航天飞行控制中心监测“祝融号”火星车工作情况。新华社记者 金立旺 摄
图说5:5月15日,航天科研人员在北京航天飞行控制中心庆祝我国首次火星探测任务着陆火星成功。新华社记者 饶爱民 摄
图说6:5月15日,航天科研人员在北京航天飞行控制中心指挥大厅庆祝我国首次火星探测任务着陆火星成功。 新华社记者 金立旺 摄