Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးဆင်းသက်နိုင်ခဲ့ခြင်းအား ရုရှားအာကာသပူးပေါင်းဆောင်ရွက်မှု ချီးကျူး

မော်စကို၊မေ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ အခြေခံအာကာသစူးစမ်းလေ့လာရေးအစီအစဉ်၏ “ မဟာအောင်ပွဲတစ်ခု” ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် အာကာသပူးပေါင်းဆောင်ရွက်မှု (Roscosmos) အကြီးအကဲ Dmitry Rogozin က မေ ၁၅ ရက်တွင် ချီးကျူးစကားဆိုခဲ့သည်။“ စကြဝဠာထဲက နေအဖွဲ့အစည်းရဲ့ ဂြိုဟ်တွေနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုပြန်လုပ်ဖို့ အာကာသစွမ်းအားစုတွေဦးဆောင်ပြီး လုပ်နေတာကို Roscosmos က ကြိုဆိုပါတယ် ”ဟု Rogozin ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှား-ဥရောပ ExoMars အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး အာကာသယာဉ်ကို လာမည့်ရှေ့နှစ်တွင် လွှတ်တင်သွားရန် ရှိကြောင်း မှတ်ချက်ပြုပြောကြားစဉ် Rogozin က စကြဝဠာ စူးစမ်းရှာဖွေရေးနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးအင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးစက်ရုပ်ယာဉ်အား သယ်ဆောင်ပေးသွားသည့် ဂြိုဟ်ဆင်းယာဉ်သည် ဂြိုဟ်နီ ( အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်သို့ သက်ဆင်းသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသ စီမံခန့်ခွဲရေးအဖွဲ့က မေ ၁၇ ရက် (စနေနေ့) နံနက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ယင်းမှာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မဟုတ်သော အခြားဂြိုဟ်မျက်နှာပြင်တစ်ခုပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။(Xinhua)

———————————————–
(English Version)
Russian space corporation praises China’s first Mars landing
MOSCOW, May 15 (Xinhua) — The landing of China’s spacecraft on the surface of Mars is “a great success” of China’s fundamental space research program, said Dmitry Rogozin, head of Russia’s state space corporation Roscosmos, on Saturday.
“Roscosmos welcomes the resumption of exploration of the planets of the solar system by the leading space powers,” Rogozin said in a statement.
While mentioning that the Russian-European ExoMars mission will be launched next year, Rogozin reiterated Russia’s intention to strengthen international cooperation to jointly promote research of the universe.
The lander carrying China’s first Mars rover has touched down on the Red Planet, the China National Space Administration confirmed on Saturday morning.
It is the first time China has landed a probe on a planet other than Earth.

The graphic simulated image taken on May 15, 2021 shows China’s probe landing on Mars. (Xinhua/Jin Liwang)