Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေ

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအား ယနေ့(မေ ၁၆ ရက်)၌ ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းထံမှ သိရသည်။” ကျွန်တော့်အပိုင်းထဲပြိုကျတာတော့ မဟုတ်ဘူး၊ နမ့်မော်ဘက်က မြေစာပုံပြိုကျတာတယ်၊ ညကတော့ ဒဏ်ရာရတဲ့လူ ၈ယောက်ရှိတယ်၊ တစ်ယောက်သေတယ်၊၁၅ယောက်လောက် ပျောက်ဆုံးနေတယ်၊ ဒီမနက် ဆက်လက်ရှာဖွေနေတယ်” ဟု ဝေါခါကျေးရွာအုပ်ချုပ်ရေးရုံး တာဝန်ခံ ဦးကျော်မင်းက ဆင်ဟွာသို့ပြောကြားသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မေ ၁၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေစာပုံပြိုကျချိန်သည် ညပိုင်းဖြစ်၍ ပျောက်ဆုံးနေသူများကို ရှာဖွေရန် အန္တရာယ်များသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ကာ ယနေ့ မနက်မှသာ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။မြေစာပုံပြိုကျသည့် ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် လက်ကျင်းတူးသူများက ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)