ဝူဟန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်အဆိုးရွားဆုံးခံစားနေရသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ အရေအတွက် တိုးပွားလာသော လူနာများအတွက် ဆေးရုံပေါင်း၂၄ ရုံတွင် ကုသမှုပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီလ တွင် ယူဂန္ဓာနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့တွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ချန်ပီယံ ကာကွယ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) လူ့အခွင့်အရေးကိုကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ပါ ကျွဲကူးရေပါအလိုလိုထိန်းသိမ်းစောင့်ရှောက်နိုင်သောကြောင့် လူ့အခွင့်အရေးကို အထူးဂရုစိုက်ထိန်းသိမ်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၂၄ ရက်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံစဉ် ညွှန်ကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယခုထိ အဆုတ်ရောင်ရောဂါ Novel Coronavirus (2019-nCoV) ဖြစ်ပွားသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နေပြည်တော်၌ ပြုလုပ်သော ရောဂါ ကြိုတင်...
ဝူဟန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါခံစားရသည့် လူနာများတက်ရောက်ကုသရန် အထူးဆေးရုံတစ်ရုံအား ဖေဖော်ဝါရီ ၃ ရက်၌ စတင်အသုံးပြုနိုင်ရန် တည်ဆောက်နေကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး...
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက် အရ ဖူကျန့် တရုတ်အမျိုးသားများအသင်းမှဦးဆောင်၍ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် (ကြွက်နှစ်) ကို ဇန်နဝါရီ ၂၅ ရက် နှ င့် ၂၆ ရက်တွင်ရန်ကုန်မြို့၊ လသာမြို့နယ် ၌ ကျင်းပ...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။