Connect with us

WORLD

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေးပုလင်းကို ပြသနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (DRAP) က တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုလိုက်ကြောင်း အစ္စလာမ်မာဘတ်ရှိ အမျိုးသား ကျန်းမာရေးအင်စတီကျုက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။

DRAP ၏ ဧပြီ ၈ ရက် ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် အရေးပေါ် အသုံးပြုရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinovac Biotech ဇီဝဆေးဝါးကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးများအတွက် အအေးခန်းသိုလှောင်ရုံတွင် သင်္ဘောတင်ပို့ရန် ကုန်ပစ္စည်းများ ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံအတွင်း ခွင့်ပြုပေးခဲ့သော Sinopharm နှင့် CanSino ကာကွယ်ဆေးများပြီးနောက် တတိယမြောက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကာကွယ်ဆေးလှူဒါန်းမှုများ လက်ခံရရှိခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံသည် COVID-19 ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ နိုင်ငံအတွင်း ရောဂါအတည်ပြုလူနာ ၇၁၀,၈၂၉ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅,၂၂၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဧပြီ ၉ ရက်၌ ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။ (Xinhua)
————————————
(English Version)
Pakistan approves China’s Sinovac COVID-19 vaccine for emergency use
Source: Xinhua| 2021-04-10 10:33:30|Editor: huaxia
ISLAMABAD, April 10 (Xinhua) — The Drug Regulatory Authority of Pakistan (DRAP) has approved China’s Sinovac COVID-19 vaccine for emergency use, the National Institute of Health in Islamabad confirmed on Friday.
According to a statement released by DRAP on Thursday, the CoronaVac vaccine developed by Chinese pharmaceutical company Sinovac has been given emergency use authorization for people aged 18 and above.
It is the third Chinese COVID-19 vaccine that was approved by the country after Sinopharm and CanSino vaccines, and Pakistan kicked off its vaccination drive in early February upon receiving vaccine donation from China.
So far, Pakistan is facing the third wave of COVID-19. Pakistan has reported 710,829 confirmed cases with 15,229 deaths due to the virus, according to the data released by the country’s health ministry on Friday.■
1- A staff member of Sinovac Biotech, a Chinese biopharmaceutical company, displays a dose of COVID-19 inactivated vaccine in Schering bottle package in Beijing, capital of China, Dec. 23, 2020. (Xinhua/Zhang Yuwei)
2- A staff member prepares to release products for shipment in the cold storage for inactivated COVID-19 vaccines of Sinovac Biotech, a Chinese biopharmaceutical company, in Beijing, capital of China, Jan. 6, 2021. (Xinhua/Lu Ye)