Connect with us

WORLD

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဒုတိယအကြိမ် COVID-19 စစ်ဆေးမှု ပြီးစီး၊ ရောဂါတွေ့ရှိသူ ၁၈ ဦးရှိ

- တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ရောဂါစစ်ဆေးသောနေရာတွင် COVID-19 စစ်ဆေးရန် အမျိုးသမီးတစ်ဦးထံမှ တို့ဖတ်နမူနာရယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် ဒုတိယအကြိမ် မြို့အနှံ့ nucleic acid စစ်ဆေးခြင်း ပြီးစီးခဲ့ပြီး နမူနာ ၁၈ ခုတွင် COVID-19 စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေသအစိုးရက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရောဂါစစ်ဆေးမှုတွင် နမူနာပေါင်း ၃၈၂,၅၆၈ ခုကို စုဆောင်းကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ရောဂါတွေ့ရှိမှုအရေအတွက်သည် ပထမအကြိမ် ရောဂါတွေ့ရှိမှု အရေအတွက် ၉၀ အောက် သိသိသာသာ လျော့နည်းသွားကြောင်း၊ ရောဂါကူးစက်နိုင်ခြေများသူနှင့် လက္ခဏာမပြသော ရောဂါကူးစက်ခံရသူများအား အချိန်မီ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေလီမြို့ ဒုတိယမြို့တော်ဝန် ဟွမ်ကျောက်ယင်က ပြောခဲ့သည်။

တင်းကြပ်သော ဆောင်ရွက်ချက်များကိုလည်း လူနေရပ်ကွက်များ၊ သီးသန့်ခွဲခြားထားသောနေရာများ၊ လယ်ယာထွက်ကုန်ပြပွဲများနှင့် သတ်မှတ်ထားသော ဆေးရုံများ၌ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဟွမ်က ဆိုသည်။

ဧပြီ ၈ ရက်အထိ အဆိုပါပြည်နယ်ရှိ သတ်မှတ်ထားသော ဆေးရုံများတွင် အတည်ပြုလူနာ ၈၇ ဦးနှင့် ရောဂါလက္ခဏာမပြသော ရောဂါကူးစက်ခံရသူ ၄၄ ဦးကို ဆေးကုသခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ပုံစာ 

#China, #Ruili, #COVID_19, #2nd_roundTest, #PositiveResult, #Xinhua , #တရုတ်, #ရွှေလီ, #ဒုတိယအကြိမ်စစ်ဆေးမှု, #ရောဂါတွေ့ရှိ, #ဆင်ဟွာ
————————————
(English Version)
China’s Ruili completes 2nd-round COVID-19 tests, 18 positive results
Source: Xinhua| 2021-04-09 23:30:24|Editor: huaxia
KUNMING, April 9 (Xinhua) — The city of Ruili in southwest China’s Yunnan Province has concluded its second round of city-wide nucleic acid testing, with 18 samples testing positive for COVID-19, the local government said Friday.
The second round involved collecting and testing 382,568 samples, it said.
The number of cases found in the second round is significantly lower than the 90 cases in the first round, indicating that the potential cases and asymptomatic infected persons have been located in time, said Huang Zhaoying, deputy mayor of Ruili.
Strict measures will remain in place in communities, isolation venues, farm produce fairs and designated hospitals, Huang said.
As of Thursday, 87 confirmed cases and 44 asymptomatic cases were receiving treatment or under medical observation in designated hospitals in the province. ■
A medical worker takes a swab sample from a woman for COVID-19 testing at a testing site in Ruili City, southwest China’s Yunnan Province, April 6, 2021. (Xinhua/Chen Xinbo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.