Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါ သတင်းသုံးသပ်ချက်) ဥရောပတွင် COVID-19 ရောဂါကြောင့်သေဆုံးခဲ့ရသူ သန်းချီရှိလာခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် အတားအဆီးများစွာရှိနေ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော်ဝန်လန်ဒန်ဆေးရုံပြင်ပ၌ နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦ သွားလာနေသည်ကို ဧပြီ ၉ ရက်တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုပင်ဟေဂင် ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဥရောပတိုက်အလယ်ပိုင်းဒေသ ဧပြီ ၉ ရက် ဒေသစံတော်ချိန် ၁၀ နာရီအထိ ဒေသအတွင်း၌ COVID-19 ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၁,၀၀၁,၃၁၃ ဦးအထိရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၇ သန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသ လုပ်ငန်းဆောင်ရွက်မှုဌာန၏ ဧပြီ ၉ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ကပ်ရောဂါကူးစက်မှုလှိုင်းအသစ်၏ ခြိမ်းခြောက်မှု ၊ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း တွန်းအားပေးဆောင်ရွက်ခြင်းနှေးကွေးမှု ၊ ဗီဇပြောင်း ရောဂါပိုး၏ နှိပ်စက်မှု ၊ အကြိမ်ကြိမ်အခါခါ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုအပေါ် ပြည်သူများ၏ ခံနိုင်စွမ်းနှင့် ပင်ပန်းနွမ်းနယ်မှု တို့က ဥရောပတိုက်အတွင်းရှိ နိုင်ငံအသီးသီး၏ ကပ်ရောဂါတိုက်ဖျက်မှုလုပ်ငန်း ထိရောက်မှုကို အားလျော့လာစေခဲ့ပြီး ကပ်ရောဂါဆက်လက်ပြန့်ပွားစေခဲ့သည့် အကြောင်းအရင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ယူဆခဲ့ကြသည်။

ကပ်ရောဂါဆိုင်ရာ အချက်အလက်များ ဆက်လက်၍ မြင့်မားစွာတည်ရှိနေခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသလုပ်ငန်းဆောင်ရွက်မှုဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်များအရ ယခုနှစ် ဖေဖော်ဝါရီ လလယ်ပိုင်းအချိန်မှစ၍ မတ်လ ၂၉ ရက်အထိ ဥရောပတိုက်တွင် အပတ်စဉ် COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေက ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဧပြီ ၅ ရက်ရောက်ချိန်မှသာ အနည်းငယ်ပြန်လည်လျော့ကျလာခဲ့ကြောင်း ၊ ပိုလန် နှင့် ရိုမေးနီးယား စသည့် ဥရောပတိုက်အလယ်ပိုင်းနိုင်ငံများတွင် ဖေဖော်ဝါရီ လလယ်ပိုင်းမှစတင်၍ နေ့စဉ်ရောဂါ ထပ်မံကူးစက်ခံရသူနှင့် အပတ်စဉ်ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အမြင့်ဆုံးစံချိန်များသို့ရောက်ရှိလာခဲ့ကြောင်း ၊ ထို့ပြင် မတ်လ ၂၂ ရက်အချိန်ထိ ပြင်သစ်နိုင်ငံတွင် တစ်ပတ်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော် ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၉ ပတ်အတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအချက်အလက်များအရ COVID-19 ရောဂါကူးစက်မှုလှိုင်းအသစ်သည် ဥရောပတိုက်ရှိ အချို့ဒေသများကို စတင်ဝင်ရောက်လာခဲ့ပြီး ပြင်သစ် ၊ သြစတြီးယား နှင့် ခရိုအေးရှား စသည့် နိုင်ငံများမှ အများပြည်သူကျန်းမာရေးဆိုင်ရာ ကန့်သတ်မှုများ ၊ ပိတ်ဆို့မှုအသစ်များ ၊ ကျောင်းများရပ်နားခြင်း နှင့် လုပ်ငန်းလည်ပတ်မှုအချိန်လျှော့ချခြင်း စသည်တို့ကို ချက်ချင်းလုပ်ဆောင်ရန် သက်ရောက်မှုဖြစ်စေခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးမှု နှေးကွေးခြင်း

ဥရောပဒေသတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ လူထုအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ သို့သော် WHO ဥရောပဒေသလုပ်ငန်းဆောင်ရွက်မှုဌာန တာဝန်ခံ Dr. Hans Kluge က ဥရောပတိုက်၌ လုပ်ဆောင်နေသော ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းက လက်ခံနိုင်ဖွယ်မရှိအောင် နှေးကွေးနေကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။ Dr. Hans Kluge ၏ ဧပြီ ၁ ရက်၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ယင်းအချိန်ထိ ဥရောပတိုက်ဒေသတစ်ခုလုံးတွင် လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ရပြီး လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းသာ ပြီးပြည့်စုံသော ကာကွယ်ဆေးထိုးနှံမှုကို ခံယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဥရောပတိုက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ၏ လတ်တလောရက်ပိုင်း ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မည်သည့်နိုင်ငံကမျှ ကြိုတင်မျှော်မှန်ထားသည့် ရည်မှန်းချက်ကို ရောက်ရှိအောင်မလုပ်ဆောင်နိုင်ခဲ့ကြကြောင်း ၊ ယင်းမျှော်မှန်းချက်မှာ ယခုနှစ် မတ်လကုန်အချိန်ထိ ဆေးဘက်ဆိုင်ရာဝန်ထမ်း၏ ၈၀ ရာခိုင်နှုန်း နှင့် အသက် ၈၀ အထက်ရှိ သက်ကြီးရွယ်အိုများ၏ ၈၀ ရာခိုင်နှုန်းအား ပြီးပြည့်စုံသော COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးမှုကို ဆောင်ရွက်ပြီးစီးရမည်ဖြစ်ကြောင်း သိရှိရသည်။
ဥရောပတိုက်တွင် ကာကွယ်ဆေးထိုးနှံပေးမှုဆောင်ရွက်ခြင်း နှေးကွေးရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ကာကွယ်ဆေးထောက်ပံ့ပေးမှု လိုအပ်ချက်ရှိနေခြင်း နှင့် ခွဲဝေပေးမှု မညီမျှခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။ အိုင်ယာလန်နိုင်ငံ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုစီမံကိန်းတာဝန်ခံ ၊ အိုင်ယာလန်နိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုဌာန အမှုဆောင်အရာရှိချုပ် Paul Reid က COVID-19 ရောဂါကာကွယ်ဆေးထောက်ပံ့ပေးမှု နှောင့်နှေးခြင်းကြောင့် အိုင်ယာလန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းက အနည်းဆုံး ၁၅ ကြိမ် ရပ်တန့်ခဲ့ရကြောင်းပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ အပေါ် စိုးရိမ်မှုသည်လည်း ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်း ရှေ့ဆက်ဆောင်ရွက်ရေးအား နှေးကွေးစေခဲ့သည်။ ယခုနှစ် မတ်လ အလယ်ပိုင်းအချိန်တွင် ဒိန်းမတ် နှင့် အိုင်ယာလန် စသည့်အချို့သော ဥရောပတိုက်အတွင်းရှိ နိုင်ငံများတွင် ဗြိတိန်နိုင်ငံမှ ထုတ်လုပ်သော AstraZeneca ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် သွေးခဲခြင်းဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ခဲ့ရကြောင်းကြေညာခဲ့ပြီးနောက် ယင်းအမျိုးအစား ကာကွယ်ဆေး အသုံးပြုမှုကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဗီဇပြောင်း COVID-19 ရောဂါပိုး၏ နှိပ်စက်မှု နှင့် ကပ်ရောဂါတိုက်ဖျက်ရေးအပေါ် ပင်ပန်းနွမ်းနယ်လာမှု

ဥရောပတိုက်၌ တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုး နှင့် ပြည်သူလူထုတို့၏ အချိန်ကာလ ရှည်ကြာစွာ ပိတ်ဆို့မှုခံယူခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှု နှင့် ခံနိုင်ရည်တို့က ဥရောပတိုက်အတွင်းရှိ နိုင်ငံအသီးသီးတို့၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆိုးရွားသည့် ခြိမ်းခြောက်မှုဖြစ်ပွားစေခဲ့ကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။
WHO ဥရောပဒေသလုပ်ငန်းဆောင်ရွက်မှုဌာန၏ စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ဥရောပတိုက်၌ နိုင်ငံနှင့်ဒေသပေါင်း ၅၀ တွင် ဗြိတိန်နိုင်ငံ၌ တွေ့ရှိခဲ့သည့် B.1.1.7 အမျိုးအစား ဗီဇပြောင်း COVID-19 ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် ကူးစက်နိုင်စွမ်းပိုမိုမြင့်မားသည့် ဗီဇပြောင်း COVID-19 ရောဂါပိုး၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း နယ်သာလန် ၊ ဘယ်လ်ဂျီယံ ၊ အိုင်ယာလန် နှင့် ဒိန်းမတ် စသည့်နိုင်ငံများတွင် ပိတ်ဆို့မှု နှင့် အခြားကန့်သတ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပေါ်ထွက်လာခဲ့သည်။ ဥရောပတိုက်အတွင်းရှိ ပြည်သူလူထုတို့က ဆက်လက်၍ တင်းကျပ်သော ထိန်းချုပ်မှုများဆောင်ရွက်ခြင်းအပေါ် ထောက်ခံအားပေးမှု လျော့ကျလာခဲ့ပြီး နယ်ပယ်အသီးသီး မှ ပြန်လည်ဖြေလျှော့ပေးရန် တောင်းဆိုမှုများမှာလည်းတစ်နေ့တစ်ခြား မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
ဂျာမနီနိုင်ငံ Institute of Virology, University Hospital of Essen မှ ပါမောက္ခ Mengji Lu က ဆင်ဟွာ၏ တွေ့ဆုံမေးမြန်းမှုအားဖြေကြားရာတွင် အီးယူအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေးအပေါ် သုံးသပ်မှု ၊ ခွင့်ပြုမှု နှင့် အမှာစာတင်မှုများဆောင်ရွက်ရာတွင် နှေးကွေးခဲ့သောကြောင့် ဥရောပတိုက်အတွင်းရှိနိုင်ငံအသီးသီးတို့မှ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဖိအားပိုမိုများပြားလာစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဥရောပတိုက်၌ ရင်ဆိုင်နေရသည်မှာ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအား မြှင့်တင်ဆောင်ရွက်ရန် နှင့် ရောဂါခုခံနိုင်သောလူမှုအသိုင်းအဝိုင်း ဖြစ်တည်ရန် အနည်းဆုံးသတ်မှတ်ချက်မရောက်ရှိမီ လူမှုအသိုင်းအဝိုင်းလှုပ်ရှားမှုအား မည်ကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးရမည်တို့ဖြစ်ကြောင်း ၊ အကယ်၍ အများပြည်သူ ကျန်းမာရေးဆိုင်ရာကန့်သတ်မှုများကို ဆောလျင်စွာ ဖြေလျှော့ခဲ့ပါက ရောဂါကူးစက်မှု နှင့် သေဆုံးမှု ကို လျင်မြန်စွာ မြင့်တက်လာနိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————————
(Chinese Version)
(国际疫情)新闻分析:新冠死亡病例超百万 欧洲抗疫阻力重重
2021-04-10 12:41:41 分类: 政治法律
  新华社哥本哈根4月9日电新闻分析:新冠死亡病例超百万 欧洲抗疫阻力重重
  新华社记者
  根据世界卫生组织欧洲区域办事处网站9日数据,截至欧洲中部时间9日10时,该区域累计新冠死亡病例达1001313例,累计确诊病例超过4700万例。
  分析人士认为,新一波疫情威胁、疫苗接种推进缓慢、变异病毒肆虐以及民众对反复的社会管制措施产生疲劳和抵制,都是造成欧洲各国抗疫效果大打折扣,疫情持续蔓延的因素。
  (小标题)疫情数据持续高位
  世卫欧洲办事处数据显示,自今年2月中下旬以来一直到3月29日,欧洲每周新增确诊病例数连续增长,直到截至4月5日的一周才略有下降。波兰和罗马尼亚等一些欧洲东部国家今年2月中下旬以来报告的单日和单周确诊病例数甚至创下了大流行暴发以来的最高纪录。此外,在截至3月22日的一周里,法国报告超过25万例新增确诊病例,为19周以来最高值。
  这些数字都表明,新一波疫情正开始袭击欧洲部分地区,促使法国、奥地利、克罗地亚等许多国家收紧公共卫生限制,实行新的封锁,关闭学校和缩短营业时间等。
  (小标题)疫苗接种缓慢
  欧洲地区2020年12月开始启动大规模新冠疫苗接种。然而,在世卫欧洲区域办事处主任克卢格看来,欧洲的接种推广“慢得令人无法接受”。克卢格4月1日在一份声明中说,迄今为止,欧洲地区总人口中只有10%接种了一剂疫苗,4%的人完成了完整的疫苗接种。
  另据欧洲疾病预防与控制中心最近公布的统计数字,欧盟内没有一个国家达到了预定目标,即到今年3月底,80%的医护人员和80%的80岁以上老人完全接种新冠疫苗。
  欧洲疫苗接种推广缓慢的原因之一是疫苗供应短缺和分配不均。负责爱尔兰疫苗接种项目的爱尔兰卫生服务执行局首席执行官保罗•雷德说,由于疫苗供应延迟,该国疫苗接种项目至少中断了15次。
  同时,对疫苗副作用的担忧也导致接种进程缓慢。今年3月中旬,丹麦、爱尔兰等一些欧洲国家报告了接种英国阿斯利康新冠疫苗后产生血栓并导致死亡的病例后,宣布暂停使用该疫苗。  
  (小标题)变异病毒肆虐与“抗疫疲劳”加剧
  专家认为,在欧洲发现的新冠变异病毒,以及公众在长期封锁中产生的疲劳和抵抗,也对欧洲各国抗疫构成了严重威胁。
  根据世卫组织欧洲区域办事处数据,欧洲已有50个国家和地区报告了首次在英国发现的B.1.1.7新冠变异病毒。
  然而即便是面临变异病毒传染性更高的威胁,荷兰、比利时、爱尔兰和丹麦等国都出现了反对封锁和其他限制措施的抗议活动。欧洲民众对继续执行严格管制措施的支持率持续下降,各界要求开放的呼声和行动日渐高涨。
  德国埃森大学医学院病毒学教授陆蒙吉近日接受新华社记者采访时说,欧盟在评估、批准及预订新冠疫苗过程中行动迟缓,增加了目前欧洲各国面临的抗疫压力。目前欧洲面临的挑战包括提高疫苗接种率,以及如何在达到群体免疫下限之前有条件地开放社会,任何过早放松公共卫生限制的做法都可能导致感染和死亡人数激增。(执笔记者:林晶、张琪;参与记者:杨晓红、李晓鹏、张家伟、金晶、潘革平、冯俊伟、左为、沈忠浩、陈静、徐谦、陈序、张章、刘芳、唐霁、陈文仙、李骥志、付一鸣、石中玉、袁亮)(完)

Photo
4月9日,一名戴口罩的女子走在英国伦敦的皇家伦敦医院外。新华社发(蒂姆•爱尔兰摄)