ပေကျင်း၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း ဆက်ဆံရေး တင်းမာမှုမြင့်တက်နေချိန် ဗြိတိန်က စစ်သင်္ဘော(၂)စီး ပင်လယ်နက်သို့ စေလွှတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာ၏ ဧပြီ ၁၈ ရက် သတင်းများအရ သိရသည်။
ဆန်တီယေဂို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ် ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ COVID-19 တိုက်ဖျက်ရေးအတွက် ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးသည် ကူးစက်မှုများ ကြိုတင် ကာကွယ်ခြင်း ၊ ဆေးရုံတင်ကုသမှုများ ၊ အထူးကြပ်မတ်ကုသမှုများ နှင့် သေဆုံးမှုများအား တားဆီးရာတွင် အလွန်ထိရောက်မှု...
မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၂ ဦး နှင့်အတူ ယခုထိ COVID-19 ကြောင့် အသေအပျောက်အများဆုံးနေ့ ဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းရှိ မြစ်ဝကျွန်းပေါ်မြို့လေးဖြစ်သည့် Toukh မြို့တွင် ဧပြီ ၁၈ ရက်က ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးပြီး အခြား ၉၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
လန်ဒန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် အရှိန်အဟုန်မြင့်လာသည့်နှင့်အမျှ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးစဉ်နေရာများ ပို၍သွားလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အကြံပေးကုမ္ပဏီ ဖြစ်သည့် Henley & Partners က မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac COVID-19 ကာကွယ်ဆေး ဒုတိယသုတ်သည် ဖနွမ်းပင်မြို့သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) နျူကလီးယားစွန့်ပစ်ရေများ ပင်လယ်တွင်းသို့ စွန့်ထုတ်ရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ ဆိုးကျိုးများစွာသက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံ Ocean တက္ကသိုလ် မှ အဏ္ဏဝါဗေဒ ကျွမ်းကျင်သူ ကျောက်တုန်းလျန် က ဆိုသည်။ ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားစွန့်ပစ်ရေများကို စွန့်ထုတ်မည့်နေရာသည်လည်းအလွန်ပင် ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။...
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ်...
လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်မင်းသားကြီးဖိလစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၁၇ ရက်က ဝင်ဆာရဲတိုက် စိန့်ဂျော့ခ်ျဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။