Connect with us

Africa & Middle East

ပင်လယ်နက်တွင် ရုရှားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်မည်

ရုရှားနိုင်ငံမှ ထိန်းသိမ်းထားသည့် ယူကရိန်း ရေတပ်သင်္ဘော (၃)စီးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ် (Landing Ship) နှစ်စီးကို ပင်လယ်နက်သို့ စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

ပြည်ပစစ်သင်္ဘောများ ပင်လယ်နက်၏တစ်စိတ်တစ်ပိုင်းဒေသများတွင် လှုပ်ရှားမှုကို ယာယီကန့်သတ်ရန် စီစဉ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်တွင် ပြောကြားခဲ့သည်။ပင်လယ်နက်တွင် စစ်ရေးလေ့ကျင့်မည့် သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ပင်လယ်နက်နှင့်အဇော့ပင်လယ်ကို ဆက်စပ်ထားသည့် ခက်ချ်ရေလက်ကြားကို ဖြတ်သန်းသွားကြောင်း ရုရှားရေတပ် သတင်းအရင်းအမြစ်များကို ကိုးကား၍ Interfax သတင်းဌာနက ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှု မည်မျှကြာမည်ကိုမူ ရုရှားရေတပ်က ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

ရုရှားနိုင်ငံမှ ထိန်းသိမ်းထားသည့် ယူကရိန်း ရေတပ်သင်္ဘော (၃)စီးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုရက်တွင် ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စု၏ တင့်ကားတင် ကမ်းတက်စစ်ဆင်ရေးရေယာဉ် (၂)စီးသည် တူရကီ Bosphorus ရေလက်ကြားကို လမ်းကြောင်းယူ၍ ပင်လယ်နက်သို့ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်အခြေစိုက် ရိုက်တာသတင်းဌာန သတင်းထောက်က ဆိုသည်။

Bosphorus ရေလက်ကြား၏ တစ်ဖက်အစွန်းမှာ ပင်လယ်နက်ဖြစ်ပြီး အခြားတစ်ဖက်အစွန်းမှာ မာမရာပင်လယ်ကို ဖြတ်သန်းပြီး မြေထဲပင်လယ်သို့ သွားရောက်နိုင်သည်။ဧပြီ ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ပြည်ပစစ်သင်္ဘောနှင့်အခြားရေယာဉ်သင်္ဘောများအတွက် ပင်လယ်နက်အနီး ခရိုင်းမီးယားဒေသပင်လယ်ပြင်နေရာသုံးခုတွင် သွားလာမှုအကန့်အသတ်ရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း ခက်ချ်ရေလက်ကြားအနီး ပင်လယ်ပြင် သင်္ဘောသွားလာမှုကိုတော့ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ခက်ချ်ရေလက်ကြားသည် ဥရောပတိုက်နှင့်အာရှတိုက်ပေါင်းစည်းထားသည့် ယူရေးရှား ဒေသ၏ စပါးသီးနှံကုန်သွယ်ရေး အဓိကလမ်းကြောင်း ဖြစ်သည်။ ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ်က ပြည်သူ့ဆန္ဒခံယူမှုဖြင့် ယူကရိန်းမှခွဲထွက်ခဲ့ပြီး ရုရှားနှင့် ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခများတွင် ပါဝင်လာကာ ရုရှား-ယူကရိန်း ဆက်ဆံရေး ဆက်တိုက်ဆိုသလို တင်းမာလာခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာက ပင်လယ်နက်တွင် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့သည်။ ထိုစဉ်က ယူကရိန်း ရေတပ်သင်္ဘော (၃)စီးကို ရုရှားပိုင်ပင်လယ်ပြင်သို့ တရားမဝင် ဝင်ရောက်မှုနှင့် ခက်ချ်ရေလက်ကြားသို့ဦးတည် မောင်းနှင်သည်ဟု သတ်မှတ်ပြီး ရုရှားဘက်မှ သင်္ဘောများနှင့် သင်္ဘောသား (၂၄)ဦးကို ထိန်းသိမ်းခဲ့သည်။ ယူကရိန်းဘက်ကလည်း ခက်ချ်ရေလက်ကြားတံတားကို ဖြတ်သန်းရန်မောင်းနှင်နေသည့် ယူကရိန်းသင်္ဘောများကို ရုရှားစစ်သင်္ဘောများက ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ပြီး ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့နှင့် ယူကရိန်းတို့က ရုရှားဘက်မှ ပင်လယ်နက်ကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားသည့်အတွက် ဝေဖန်ပြောကြားခဲ့သည်။

ပင်လယ်နက်ကို တစ်စိတ်တစ်ပိုင်းပိတ်ဆို့မှုသည် ယူကရိန်းကို ဖိအားပေးသည့်ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ယင်းလုပ်ဆောင်မှုကို ရပ်တန့်ရန် တိုက်တွန်းကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းဆက်ဆံရေး တင်းမာနေမှုများ အရှိန်မြင့်တက်လာမည်ကို စိုးရိမ်ခြင်းကြောင့် ပင်လယ်နက်သို့ စစ်သင်္ဘောစေလွှတ်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယခုအပတ်အတွင်းတွင် စာပို့အကြောင်းကြားခဲ့သည်။ မော်စကိုကို ရန်မစချင်သော စသည့် အကြောင်းအရင်းများကြောင့် ပင်လယ်နက်ကို စစ်သင်္ဘော စေလွှတ်ခြင်းမပြုရန် အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက Politico ကို ပြောကြားခဲ့သည်။

အမေရိကန် စစ်သင်္ဘော (၂)စီးသည် ဧပြီ ၁၄ ရက်မှ ၁၅ ရက်တွင် Bosphorus ရေလက်ကြားကို ဖြတ်၍ ပင်လယ်နက်တွင် မေ ၄ ရက်အထိ နေမည်ဖြစ်ကြောင်း အမေရိကန်က တူရကီကို သံတမန်ရေးအရ အကြောင်းကြားခဲ့ဖူးကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက DPA သတင်းဌာနကို ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသတွင် အပြန်အလှန်ပစ်ခတ်မှုများနှင့် လူသေဆုံးဒဏ်ရာရမှုများ ပိုမိုဖြစ်ပွားလျက်ရှိသည်။ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ယူကရိန်းအစိုးရနှင့် အရပ်ဘက်လက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ ရုရှားက နယ်စပ်လုံခြုံရေးအတွက် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် စစ်တပ်အခိုင်အမာချထားကြောင်း သိရသည်။ ယူကရိန်းနှင့် အနောက်နိုင်ငံအချို့က ရုရှား၏လုပ်ဆောင်ချက်သည် ယူကရိန်းအရှေ့ပိုင်းဒေသ တင်းမာမှုအခြေအနေမြင့်တက်လာစေသည့် အကြောင်းအရင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခေါင်းဆောင်များက ဧပြီ ၁၆ ရက်တွင် ဗီဒီယိုကွန့်ဖရန့်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲမတိုင်မီ ယင်းနေ့တွင်ပင် ရုရှားသမ္မတ၏ သတင်းထုတ်ပြန်ရေးဆိုင်ရာ အတွင်းရေးမှူး Dmitry Peskov က ယူကရိန်းအရှေ့ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယူကရိန်းဘက်မှ လိုက်နာဖို့ ပြင်သစ်နှင့်ဂျာမနီက တွန်းအားပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)
俄罗斯多艘舰船前往黑海参加演习

Image Carouse
  新华社北京4月18日电(记者包雪琳)乌克兰东部局势升温之际,俄罗斯加强在黑海的军事存在。俄罗斯里海舰队15艘舰船17日通过刻赤海峡,进入黑海参加军事演习。路透社报道,俄北方舰队派出两艘登陆舰前往黑海。
 俄罗斯国防部前一天说,俄打算“临时限制”外国军舰在黑海部分地区的活动。 
俄罗斯国际文传电讯社以俄海军为来源报道,赴黑海参加军演的15艘舰船17日通过连接黑海和亚速海的刻赤海峡。俄海军没有说明军演会持续多久。
 路透社驻土耳其伊斯坦布尔记者同一天看到,俄罗斯北方舰队两艘蟾蜍级登陆舰取道土耳其博斯普鲁斯海峡,前往黑海。这家通讯社报道,俄罗斯波罗的海舰队两艘登陆舰即将取道博斯普鲁斯海峡。
博斯普鲁斯海峡一端是黑海,另一端经马尔马拉海通往地中海。
  俄国防部16日说,4月24日至10月31日,外国军舰和其他船只在黑海靠近克里米亚三处海域的通行权将受限,但刻赤海峡附近海域船只通行不受影响。
刻赤海峡是亚欧地区谷物贸易的重要通道。缘于克里米亚2014年经由公民投票脱离乌克兰、加入俄罗斯以及乌克兰东部冲突等一系列事件,俄乌关系持续紧张。
俄乌2018年11月在黑海发生冲突。俄方当时指认3艘乌海军船只“非法进入俄领海并向刻赤海峡航行”,因而扣押船只和24名船员;乌方指认俄方舰艇在乌方船只试图通过刻赤海峡大桥时故意撞击并开火。
欧洲联盟、北大西洋公约组织和乌克兰批评俄方局部封锁黑海。
  美国国防部发言人约翰•柯比16日说,美方认为俄方局部封锁黑海是持续向乌克兰施压的手段之一,呼吁俄方停止这样做。
  由于担心俄乌紧张局势升级,美国国防部本周据信取消了向黑海派遣军舰的计划。一名不愿公开姓名的美国官员告诉美国《政治报》记者,不愿“挑衅莫斯科”等许多原因促使美国政府决定不向黑海派遣军舰。
 土耳其外交部一名发言人9日告诉德新社记者,美国经由外交渠道告知土耳其,两艘美方军舰定于4月14日至15日取道博斯普鲁斯海峡,打算在黑海停留至5月4日。
2月底以来,乌克兰东部顿巴斯地区交火事件和人员伤亡增多。乌政府军和民间武装互相指责对方破坏停火协议。俄罗斯在靠近乌克兰的边境地区集结军队以确保本国边境安全,而乌克兰和一些西方国家指认俄方做法是导致乌东局势升温的原因。乌克兰、法国、德国领导人16日举行视频会议讨论乌东部局势。
  俄总统新闻秘书德米特里•佩斯科夫16日在三国领导人开会前夕呼吁法德敦促乌方遵守有关乌克兰东部冲突的停火协议。

图说1:这是2020年1月21日在土耳其伊斯坦布尔拍摄的博斯普鲁斯海峡风光。(新华社记者 徐速绘摄)
图说2:这是2018年11月26日拍摄的被俄方扣留的乌克兰海军3艘船只。新华社/卫星社