Connect with us

Europe

ဗြိတိန် စစ်သင်္ဘော မေလတွင် ပင်လယ်နက်သို့ သွားရောက်နိုင်ဖွယ်ရှိဟု ဆို

၂၀၁၄ ခုနှစ် ဩဂုတ် ၂ ရက်က စကော့တလန်နိုင်ငံ ဂလပ်စဂိုးတွင် ရိုက်ကူးထားသော ဗြိတိန်တော်ဝင်ရေတပ် HMS Duncanဖျက်သင်္ဘောအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ဆက်ဆံရေး တင်းမာမှုမြင့်တက်နေချိန် ဗြိတိန်က စစ်သင်္ဘော(၂)စီး ပင်လယ်နက်သို့ စေလွှတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာ၏ ဧပြီ ၁၈ ရက် သတင်းများအရ သိရသည်။

ဗြိတိန်ရေတပ်၏Type 45 လေကြောင်းကာကွယ်ရေး ဖျက်သင်္ဘောတစ်စီးနှင့် Type 23 ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးသည် မြေထဲပင်လယ်တွင် နေရာချထားသည့် လေယာဉ်တင် သင်္ဘောအုပ်စုမှ ထွက်မည်ဖြစ်ပြီး တူရကီနိုင်ငံ Bosphorusရေလက်ကြားကို လမ်းကြောင်းယူကာ ပင်လယ်နက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း The Sunday Times သတင်းတွင် ဖော်ပြထားသည်။

Donbasဒေသရှိ ယူကရိန်းအစိုးရ စစ်စခန်းသို့ ယူကရိန်း သမ္မတ Volodymyr Zelensky လာရောက်စစ်ဆေးကြည့်ရှုသည်ကို ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Bosphorus ရေလက်ကြား၏ တစ်ဖက်အစွန်းမှာ ပင်လယ်နက်ဖြစ်ပြီး အခြားတစ်ဖက်အစွန်းမှာ မာမာရာပင်လယ်မှတစ်ဆင့် မြေထဲပင်လယ်သို့ သွားရောက်နိုင်သည်။ပင်လယ်နက်သို့ မောင်းနှင်မည့် စစ်သင်္ဘော၏ အထောက်အပံ့အဖြစ် ဗြိတိန် လေတပ် F-35Bကိုယ်ပျောက်တိုက်လေယာဉ်နှင့် Merlin ရေငုပ်သင်္ဘောဖျက်ရဟတ်ယာဉ်များသည် Queen Elizabethလေယာဉ်တင် သင်္ဘော၏ အမိန့်ကို စောင့်စားနေမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုအပတ်အစောပိုင်းကာလတွင် အမေရိကန်က ပင်လက်နက်သို့ စစ်သင်္ဘောစေလွှတ်မည့်အစီအစဉ် ဖျက်သိမ်းပြီးနောက် ဗြိတိန်က ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်သည်။ ယခုလိုဆောင်ရွက်ရခြင်းမှာ ဗြိတိန်သည် ယူကရိန်း၊ နေတိုးအဖွဲ့တို့နှင့် တစ်သားတည်းညီညွတ်စွာရှိသည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဗြိတိန်ရေတပ် ပုဂ္ဂိုလ်တစ်ဦးက The Sunday Timesကို ပြောသည်။

အဆိုပါသတင်းအပေါ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာဖြေကြားခြင်းမရှိသေးသော်လည်း ဗြိတိန်သည် ယူကရိန်းအစိုးရနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ယူကရိန်းအရှေ့ပိုင်းအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း၊ အခြေအနေပြန်လည်အေးဆေးလာအောင် လုပ်ဆောင်ဖို့ ရုရှားကို တိုက်တွန်းကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက The Sunday Timesကို ပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသတွင် အပြန်အလှန်ပစ်ခတ်မှုများနှင့်အတူ လူသေဆုံးဒဏ်ရာရမှုများ ပိုမိုဖြစ်ပွားလျက်ရှိသည်။ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ယူကရိန်းအစိုးရနှင့် အရပ်ဘက်လက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ ယူကရိန်းနှင့်ကပ်လျက်ရှိသည့်နယ်စပ်ဒေသတွင် နယ်မြေလုံခြုံရေးအတွက် ရုရှားက စစ်အင်အား အခိုင်အမာချထားကြောင်း သိရသည်။ ရုရှား၏လုပ်ဆောင်ချက်သည် ယူကရိန်းအရှေ့ပိုင်းဒေသ တင်းမာမှုအခြေအနေမြင့်တက်လာစေသည့် အကြောင်းအရင်းဖြစ်ကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံအချို့က ဝေဖန်ပြောဆိုခဲ့သည်။

ပင်လယ်နက်၏ တစ်စိတ်တစ်ပိုင်းဒေသများတွင် ပြည်ပစစ်သင်္ဘော သွားလာမှုကို ယာယီကန့်သတ်ရန် စီစဉ်နေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု၏ စစ်သင်္ဘော (၁၅)စီးသည် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန်အတွက် ဧပြီ ၁၇ ရက်က ခက်ချ်ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ်နှစ်စီး ပင်လယ်နက်သို့ စေလွှတ်ခဲ့ရာ Balticရေယာဉ်အုပ်စု၏ ယင်းရေယာဉ်နှစ်စီးသည် Bosphorus ရေလက်ကြားကို လမ်းကြောင်းယူ၍ ပင်လယ်နက်အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ ဧပြီ ၁၇ ရက် သတင်းများအရ သိရသည်။(Xinhua)

——————————————-
(Chinese Version)

#UK, #warships, #BlackSea, #Ukraine-Russia, #Xinhua, #ဗြိတိန်, #စစ်သင်္ဘော, #ပင်လယ်နက်, #ယူကရိန်း, #ရုရှား, #ဆင်ဟွာ
英媒:英国军舰拟5月赴黑海

 新华社北京4月19日电(记者包雪琳)俄罗斯和乌克兰紧张关系升温之际,英国媒体18日报道,英国5月将派出两艘军舰前往黑海。
英国《星期日泰晤士报》报道,英国海军一艘45型防空驱逐舰和一艘23型反潜护卫舰将离开部署在地中海的航空母舰作战群,取道土耳其博斯普鲁斯海峡进入黑海。
博斯普鲁斯海峡一端是黑海,另一端经马尔马拉海通往地中海。
 报道说,英国空军多架F-35B型隐形战机和“默林”反潜直升机届时将在“伊丽莎白女王”号航母待命,以支持驶入黑海的军舰。
  英国在美国本周早些时候取消向黑海派遣军舰的计划以后作出上述部署。英国海军一名知情人士告诉《星期日泰晤士报》记者,英方这样做意在宣示英国与乌克兰、北大西洋公约组织团结一致。
  英国国防部暂时没有就上述报道回答记者提问,但国防部一名发言人告诉《星期日泰晤士报》记者,英国政府正与乌克兰政府密切合作、追踪乌克兰东部局势动向并将继续呼吁俄罗斯为乌东局势降温。
  2月底以来,乌克兰东部顿巴斯地区交火事件和人员伤亡增多。乌政府军和民间武装互相指责对方破坏停火协议。俄罗斯在靠近乌克兰的边境地区集结军队以确保本国边境安全,而乌克兰和一些西方国家指认俄方做法是导致乌东局势升温的原因。
俄罗斯国防部16日说,打算“临时限制”外国军舰在黑海部分地区的活动。俄罗斯里海舰队15艘舰船17日通过刻赤海峡,进入黑海参加军事演习。路透社17日报道,俄方已由北方舰队派出两艘登陆舰前往黑海,波罗的海舰队两艘登陆舰即将取道博斯普鲁斯海峡进入黑海。

2014年8月2日在格拉斯哥拍摄的英国皇家海军驱逐舰“邓肯”号。(新华社记者王子江摄)
4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.