Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေး ထပ်မံရရှိ

ကမ္ဘောဒီးယားနိုင်ငံရှိ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာသော Sinovac COVID-19 ကာကွယ်ဆေး သေတ္တာများအား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac COVID-19 ကာကွယ်ဆေး ဒုတိယသုတ်သည် ဖနွမ်းပင်မြို့သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် Yok Sambath က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သော ကာကွယ်ဆေးများအား လက်ခံရယူခဲ့ကြောင်း သိရသည်။

ယခုချိန်ထိ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သည့် COVAX အစီအစဉ်တို့မှ COVID-19 ကာကွယ်ဆေး ၃ ဒသမ ၆ သန်းကျော်အား လက်ခံရရှိထားကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုအား ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ခဲ့ပြီး ရှေ့တန်းမှ ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ အစိုးရဝန်ထမ်းများ ၊ ကျောင်းဆရာများ ၊ တပ်ဖွဲ့ဝင်များ ၊ သတင်းထောက်များ ၊ သန့်ရှင်းရေးသမားများ နှင့် အထည်ချုပ်စက်ရုံ အလုပ်သမားများကဲ့သို့ ကူးစက်မှု အန္တရာယ် မြင့်မားသော ထိခိုက်လွယ်အုပ်စုများအား အဓိကထားကြောင်း သိရသည်။

ဧပြီ ၁၆ ရက်အထိ ပြည်သူ ၁ ဒသမ ၂၄ သန်းမှာ ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်မှုအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် လူဦးရေ ၁၆ သန်းအနက် အနည်းဆုံး ၁၀ သန်းအား ကာကွယ်ဆေးထိုးနှံရန်အတွက် COVID-19 ကာကွယ်ဆေး သန်း ၂၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း Sambath က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ စုစုပေါင်း ရောဂါ ဖြစ်ပွားသူ ၅,၇၇၁ ဦး ရှိပြီး ဆေးကုသမှု ခံယူနေသူ ၃,၃၁၁ ဦးနှင့် သေဆုံးသူ ၃၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ပြောကြားခားသည်။ (Xinhua)
——————————————–
(English Version)

Cambodia receives another batch of China’s Sinovac COVID-19 vaccine
PHNOM PENH, April 17 (Xinhua) — A second batch of the Sinovac COVID-19 vaccine that Cambodia purchased from China arrived in Phnom Penh, capital of Cambodia, on Saturday.
Cambodia’s Health Ministry secretary of state Yok Sambath received the vaccine, manufactured by Chinese biopharmaceutical company Sinovac Biotech, at the Phnom Penh International Airport.
So far, Cambodia had received more than 3.6 million doses of COVID-19 vaccines from China and the World Health Organization-led COVAX Facility.
The kingdom launched an anti-COVID-19 inoculation drive on Feb. 10, focusing on high risk and vulnerable groups such as frontline doctors and health workers, civil servants, teachers, armed forces, journalists, garbage collectors and garment factory workers, among others.
As of Friday, 1.24 million people had been vaccinated against the virus, according to a government report.
Sambath said Cambodia is expected to acquire more than 20 million doses of COVID-19 vaccines in order to inoculate at least 10 million of its 16 million population.
The Southeast Asian nation has registered a total of 5,771 confirmed COVID-19 cases since the start of the pandemic, with 3,311 receiving ongoing treatment and 39 confirmed deaths, the Ministry of Health said on Saturday.■

PHOTO – A Photo taken on April 17, 2021 shows boxes of Sinovac COVID-19 vaccines at Phnom Penh International Airport in Phnom Penh, Cambodia. (Photo by Ly Lay/Xinhua)

http://www.xinhuanet.com/english/2021-04/17/c_139887249.htm