Connect with us

Europe

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသားကြီး၏ ဈာပနအခမ်းအနားအား ဝင်ဆာရဲတိုက်တွင် ကျင်းပ

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် ဈာပနအခမ်းအနား ကျင်းပရန် စောင့်ဆိုင်းနေသူများကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်မင်းသားကြီးဖိလစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၁၇ ရက်က ဝင်ဆာရဲတိုက် စိန့်ဂျော့ခ်ျဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဈာပနအခမ်းအနားကို ဧပြီ ၁၇ ရက် ဒေသစံတော်ချိန် ညနေ (၃)နာရီတွင် စတင်ခဲ့ရာ ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂)၊ အိမ်ရှေ့စံ မင်းသား ချားလ်စ် စသည့် တော်ဝင်မိသားစုဝင်(၃၀)က အနက်ရောင်အင်္ကျီ၊ အနက်ရောင် နှာခေါင်းစည်းများ တပ်ဆင်ကာ တက်ရောက်ခဲ့ကြသည်။ ပြည်သူလူထုအချို့ကလည်း ဝင်ဆာရဲတိုက်ပြင်ပတွင် ဝမ်းနည်းကြောင်း အမှတ်တရပန်းစည်းများ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် ကွယ်လွန်သွားပြီဖြစ်သည့် ဖိလစ်မင်းသားကြီး၏ ဓါတ်ပုံအား  ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားမစတင်မီ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဗြိတိန် တစ်နိုင်ငံလုံး (၁)မိနစ်ကြာ တိတ်ဆိတ်စွာ နေခဲ့ကြသည်။ မိနစ်(၅၀)ကြာ ဈာပနအခမ်းအနားကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ အခမ်းအနားအပြီးတွင် ဖိလစ်မင်းသားကြီး၏ ခေါင်းတလားကို စိန့်ဂျော့ခ်ျဘုရားကျောင်းမြေအောက် တော်ဝင်မိသားစုမြှုပ်နှံရာသင်္ချိုင်း၌ မြေချခဲ့သည်။

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် လူအများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာ နေကြသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်၏ လက်ရှိကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသတ်မှတ်ချက်များအရ ဈာပနအခမ်းအနား တက်ရောက်သည့် လူအရေအတွက်ကို (၃၀) ဦးကန့်သတ်ထားခြင်းဖြစ်ပြီး တော်ဝင်မိသားစုများသာ တက်ရောက်ခဲ့သည်။

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် လူအများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းများ၊ ပို့စ်ကဒ်များနှင့် ဘောလုံးများအား ထားထားသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ ဘုရင်စနစ်အရ ဖိလစ်မင်းသားကြီး၏ ဈာပနအခမ်းအနားကို နိုင်ငံတော်ဈာပနအခမ်းအနားအနေဖြင့် ကျင်းပရမည်ဖြစ်သည်။ သို့သော် ဖိလစ်မင်းသားကြီး၏ ဆန္ဒ၊ ဗြိတိန်ဘုရင်မကြီး၏ ခွင့်ပြုချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ဗြိတိန်အစိုးရ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ရာ ဈာပနအခမ်းအနားကို တော်ဝင်မိသားစုဈာပနအခမ်းအနားအနေဖြင့်သာ ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်တော်ဝင်မိသားစုက ထိုမတိုင်မီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် လူအများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာ နေကြသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂)၏ ကြင်ယာတော် ဖိလစ်မင်းသားကြီးသည် ဧပြီ ၉ ရက် နံနက်ပိုင်း၌ ဝင်ဆာရဲတိုက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ရာ သက်တော်အားဖြင့် (၉၉)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ဖိလစ်မင်းသားကြီးအား ၁၉၂၁ ခုနှစ် ဇွန် ၁၀ ရက်တွင် မွေးဖွားခဲ့ကာ ဗြိတိန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်တွင် ပါဝင်ခဲ့ဖူးသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာတွင် ထိုစဉ်ကထီးနန်းမဆက်ခံရသေးသည့် အဲလိဇဘက်နှင့် ထိမ်းမြားခဲ့ပြီး သားသမီး (၄)ဦး မွေးဖွားခဲ့သည်။ (Xinhua)
  
#PrincePhilip #QueenElizabeth #WindsorCastle #Funeral #Xinhua #ဖိလစ်မင်းသားကြီး #ဘုရင်မကြီးအဲလိဇဘက် #ဝင်ဆာရဲတိုက် #ဈာပနအခမ်းအနား #ဆင်ဟွာ
——————————————–
(Chinese Version)
(国际)英国菲利普亲王葬礼在温莎城堡举行

新华社伦敦4月17日电(记者张代蕾 梁希之)英国已故菲利普亲王的葬礼17日在温莎城堡内的圣乔治教堂举行。
  葬礼于当地时间17日下午3时开始,英国女王伊丽莎白二世、王储查尔斯等30名王室成员身穿黑衣、戴黑色口罩出席。部分民众在温莎城堡外献花悼念。
 葬礼开始前,英国全国默哀一分钟。葬礼时长约50分钟,全程电视转播。葬礼结束后,菲利普亲王的棺椁被送入圣乔治教堂地下的王室墓室安葬。
 按英国现阶段新冠疫情防控措施要求,参加葬礼人数上限为30人,因此出席当天葬礼的仅限王室成员。按英国君主制,菲利普亲王的葬礼可按国葬规格举行。但英国王室此前发表声明表示,按照菲利普亲王个人意愿并得到女王批准,同时遵循英国政府防疫控制措施,本次葬礼按王室葬礼规格举行,而非国葬。

英国女王伊丽莎白二世的丈夫菲利普亲王9日上午在温莎城堡去世,享年99岁。菲利普亲王生于1921年6月10日,曾在英国海军服役,参加过二战。1947年11月他与尚未即位的伊丽莎白结婚,两人育有4个孩子。(完)

图说1:4月17日,人们聚集在英国温莎城堡外等待葬礼举行。新华社记者 韩岩 摄
图说2: 这是4月17日在英国温莎城堡外拍摄的一处摆放着已故菲利普亲王照片的橱窗。新华社记者 韩岩 摄
图说3:4月17日,人们在英国温莎城堡外默哀。新华社记者 韩岩 摄
图说4: 4月17日,人们在英国温莎城堡外摆放鲜花、卡片和气球表示悼念。新华社记者 韩岩 摄
图说5:4月17日,警察在英国温莎城堡外执勤。新华社记者 韩岩 摄
图说6:4月17日,一名男子手持鲜花在英国温莎城堡外默哀。新华社记者 韩岩 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.