ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအနေဖြင့် နည်းပညာသစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် Application များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့မီဒီယာ အခင်းအကျင်းတွင် ကြီးကျယ်လှသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ရန် ဆန်းသစ်တီထွင်မှုတွင် တက်ကြွစွာ လုပ်ဆောင်သွားကြရန် ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး (WMS) ၏ အမှုဆောင် ဥက္ကဋ္ဌနှင့်...
နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) “ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်း”ကို အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေး၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက တင်သွင်းခဲ့သည်။
ရန်ကုန်၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဖူကျန့်ကုန်သည်ကြီးများအသင်း၏အသင်းကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၆ရက်က မကွေးတိုင်းဒေသကြီးသို့ သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိစာသင်ကျောင်း ၃၀ အတွက် ငွေကျပ် သိန်း ၃၀၀ကျော် တန်ဖိုးရှိသော ထောက်ပံ့ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျူးချွမ်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျူးချွမ်း ဂြိုဟ်တုလွှင်တင်ရေးစင်တာမှ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုနှစ်ခုကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း နိုင်ငံတော်...
နေပြည်တော်၊ နို၀င်ဘာ ၁၈ ရက် (ဆင်ဟွာ) နို၀င်ဘာလ ၁၃ ရက် နေ ့၌ ပြည်ထောင်စု လွှတ်တော်သို ့ တင်သွင်းခဲ့သည့် “ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ်...
ဘန်ကောက်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်တို့သည် နိုဝင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့၌ တွေ့ဆုံပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ရေး နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။
ကွမ်းကျိုး ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသစခန်းတစ်ခုကို အလုံးစုံပြီးမြောက်အောင် တည်ဆောက်နေပြီး လာမည့် ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၏ ပုံစံထုတ်လုပ်မှုရေးမှူးချုပ် Zhou Jianping က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းတုံးပြည်နယ်၌ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒါကာ၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့(Chittagong)ရှိ ၅ ထပ်အဆောက်အဦတစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် နံရံအချို့ ပြိုလဲခဲ့ကြောင်း၊ ဒဏ်ရရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကုသရာ လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ဒေသခံရဲဘက်ဆိုင်ရာက...
ကိုလံဘို ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း Gotabaya Rajapaksa က အနိုင် ရရှိ သွားကြောင်း ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya က နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့ကြောင်း...