Connect with us

WORLD

လက်ဘနွန် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအပြီး မွေးကင်းစကလေးငယ်များကို ရင်အုပ်မကွာ ဆက်လက်စောင့်ရှောက်လျက်ရှိသည့် နှလုံးအလှပိုင်ရှင် သူနာပြုဆရာမလေး

သူနာပြုဆရာမလေး Pamela Zeinoun ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုတွင် အပျက်အစီးများအကြား မွေးကင်းစကလေးငယ်(၃)ဦးကို ရင်ဝယ်ပိုက်၍ ဖုန်းဆက်အကူအညီတောင်းခံနေသည်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၄ ရက် ညနေပိုင်းက တွေ့ရစဉ်[အပေါ်ပုံ]၊ သူနာပြုဆရာမလေး Pamela Zeinounသည် ထိုစဉ်က ဖုန်းဆက်အကူအညီတောင်းနေခဲ့သည့်နေရာတွင် ဆင်ဟွာသတင်းထောက်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်[အောက်ပုံ](ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအပြီးတွင် ဆင်ဟွာသတင်းဌာန၏ သတင်းဓာတ်ပုံတစ်ပုံကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြသည်။ အပြာရောင် သူနာပြုဝတ်စုံဝတ်ဆင်ထားသည့် လူငယ်ပိုင်းအရွယ် သူနာပြုဆရာမလေးတစ်ဦးက မွေးကင်းစအရွယ် ကလေးငယ်(၃)ဦးကို ရင်ဝယ်ပိုက်ပြီး ပခုံးတွင် တယ်လီဖုန်းညှပ်ဆက်သွယ်အကူအညီတောင်းခံနေရာ ၎င်း၏ရှေ့စားပွဲနှင့်အနောက်ကြမ်းခင်းပြင်တွင် ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် အပျက်အစီးအပိုင်းအစများ ပြန့်ကျဲလျက်ရှိသည့် သတင်းဓာတ်ပုံပင် ဖြစ်ပါသည်။ ယင်းဓါတ်ပုံတင်ပြီးနောက် တစ်ကမ္ဘာလုံးရှိ အဓိကမီဒီယာများက ပြန်လည်ဖြန့်ဝေခဲ့ကြရာ လူမှုကွန်ရက်မီဒီယာများတွင်လည်း အားလုံး၏အာရုံပြုဖွယ်ရာဖြစ်ခဲ့သည်။

“ဒါက ကျွန်တော်တို့မြင်ခဲ့ဖူးတဲ့ အင်အားအဖြစ်ဆုံး ဓါတ်ပုံပါပဲ”၊”သူဟာ တကယ့်သူရဲကောင်းအစစ်ပါ၊ တကယ်လို့ သူ့လိုလူမျိုးတွေ အများကြီးရှိမယ်ဆိုရင် ကမ္ဘာကြီးက ပိုပြီးကောင်းမွန်လာမှာပါ”ဟု အွန်လိုင်းအသုံးပြုသူများက မှတ်ချက်အသီးသီး ပြုခဲ့ကြသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဓါတ်ပုံထဲက သူနာပြုဆရာမလေးသည် Pamela Zeinounပါ။ ဘေရွတ်မြို့ St George ဆေးရုံ ကလေးအထူးကြပ်မတ်ကုသဆောင်မှ သူနာပြုဆရာမလေးတစ်ဦးဖြစ်သည်။
“ဆေးရုံက ဆိုးဆိုးဝါးဝါးပျက်ဆီးနေတယ်၊ နေရာတကာမှာ အန္တရာယ်ချည်းပါပဲ၊ ကျွန်မကလေးတွေကို စောင့်ရှောက်ထားဖို့လိုတယ်”ဟု ထိုစဉ်ကအဖြစ်အပျက် ပြန်လည်အောက်မေ့ရင်း ဆိုသည်။ ဖုန်းဖြင့်အကူအညီတောင်းခံမရသည့်အဆုံး မွေးကင်းစကလေးငယ် (၃)ဦးကို ပွေ့ဖက်ပြီး သူသည် အပြင်သို့ ပြေးထွက်ခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကြောက်မက်ဖွယ်ပေါက်ကွဲမှုအပြီး လအနည်းငယ်အကြာတွင် သူနာပြုဆရာမလေးကို ဆင်ဟွာသတင်းထောက်က ပြန်လည်သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းသည် ထိုနေရာတွင်ပင် မွေးကင်းစကလေးငယ်လေးများကို ဂရုတစိုက် ပြုစုစောင့်ရှောက် ကူညီနေဆဲဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ St George ဆေးရုံတွင် ကလေးငယ်များအား ဆက်လက်စောင့်ရှောက်နေသည့် Pamela Zeinounအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သည့် ဘေရွတ်သည် တစ်ချိန်က ကပ်ဘေး၏ပျက်စီးမှုအတိဖြစ်ခဲ့သော်လည်း စိတ်ထားဖြူစင်သည့် သူနာပြုဆရာမလေး၏ ကပ်ကြီးအတွင်း စေတနာထားဆောင်ရွက်မှုက ဒုက္ခကပ်အမှောင်ထု၏ မျှော်လင့်ချက်အလင်းရောင်ခြည်ဖြစ်ခဲ့သည်။ သူနာပြုဆရာမလေး၏ ရဲဝံ့သတ္တိနှင့်တာဝန်ယူမှုသည်ကား လူသားများ၏နှလုံးသားကို နွေးထွေးမှုပေးသလို စည်းလုံးစေသည့် အင်အားလည်းဖြစ်စေခဲ့သည်။ (Xinhua)

——————————————–
(Chinese Version) 

(新华视界)黎巴嫩爆炸后,这名白衣天使继续呵护着婴儿

新华社照片,北京,2021年1月18日
(新华视界)黎巴嫩爆炸后,这名白衣天使继续呵护着婴儿
在2020年8月发生的黎巴嫩贝鲁特港大爆炸中,一张新华社照片吸引了全世界的关注。照片中,一名身穿蓝色护士服的年轻女性紧紧抱着三个小婴儿,耳下夹着电话听筒,面前的桌子和身后的地板上都散落着建筑物碎片。照片播发后被全球多家主流媒体刊登转载,并在社交媒体上引起轰动。
一名网友留言说:“这是我见过的最有力量的照片。”“她是真正的英雄,如果多一些这样的人,世界会变得更好。”另一位网友评论道。
照片的主人公名叫帕梅拉•泽农,是贝鲁特圣乔治医院儿科重症监护室的一名护士。回忆起当时的场景,泽农说:“医院毁损严重,到处都很危险,我必须保护好孩子。”在通话失败后,她抱着三个婴儿跑出医院。
爆炸发生数月后,记者回访了这名白衣天使,她依然在自己的岗位上悉心呵护着婴儿。大爆炸令贝鲁特一度满目疮痍,而这位白衣天使的真情善举成为了灾难中的“希望之光”,她的勇敢与担当传递着凝聚人心的力量。
图说1:
拼版照片显示: 2020年8月4日傍晚黎巴嫩首都贝鲁特港口区发生剧烈爆炸后,在爆炸破坏的圣乔治医院内,护士帕梅拉•泽农照顾三名婴儿;下图是2020年12月13日,帕梅拉•泽农站在同样位置接受新华社报道员的回访。 新华社发(比拉尔•贾维希摄)
图说2:
这是2020年12月13日,在黎巴嫩首都贝鲁特的圣乔治医院,帕梅拉•泽农护理一名婴儿。新华社发(比拉尔•贾维希摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.