Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကမ္ဘာ့စီးပွားဖိုရမ် Davos Agenda သို့ တက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေး၌ အဖွင့်မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) Davos Agenda သို့ ပေကျင်းမြို့မှနေ၍ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ရှီသည် WEF တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၏ ဖိတ်ကြားချက်ဖြင့် အစည်းအဝေး တက်ရောက်မည်ဖြစ်ကာ အထူးမိန့်ခွန်းလည်းပြောကြားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ကြေညာခဲ့သည်။ (Xinhua)

——————————————–
(English Version)

President Xi to attend WEF Davos Agenda: spokesperson

BEIJING, Jan. 19 (Xinhua) — Chinese President Xi Jinping will attend the Davos Agenda of the World Economic Forum (WEF) on Jan. 25 in Beijing via video link, a Foreign Ministry spokesperson said Tuesday.
Spokesperson Hua Chunying announced that Xi will attend the meeting and deliver a special speech at the invitation of Klaus Schwab, who is founder and executive chairman of the WEF. ■
Chinese PresidentXi Jinping delivers a keynote speech at the opening plenary of the 2017 annual meeting of the World Economic Forum in Davos, Switzerland, Jan. 17, 2017. (Xinhua/Lan Hongguang)