Connect with us

Africa & Middle East

(နိုင်ငံတကာကပ်ရောဂါဆိုင်ရာသတင်းစုစည်းချက်) အာဖရိကတိုက်နိုင်ငံအများတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

ကင်မရွန်းနိုင်ငံ မြို့တော် Yaounde ရှိ စာသင်ကျောင်းတစ်ခု တွင် ကလေးငယ်များ နှာခေါင်းစည်းတပ်၍ စာသင်ကြားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လိုမေ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာနရုံးခွဲများမှ သတင်းထောက်များ ၏ သတင်းစုစည်းဖော်ပြချက် – အာဖရိကတိုက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဇန်နဝါရီ ၁၈ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃,၂၆၂,၂၄၃ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၈,၉၁၁ ဦးရှိကာ ပြန်လည်သက်သာလာသူ စုစုပေါင်း ၂,၆၇၆,၈၉၆ ဦး ရှိကြောင်းသိရသည်။ အာဖရိကတိုက်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ အဆက်မပြတ်များပြားလာသောကြောင့် အချို့နိုင်ငံများ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ အာဖရိကတိုက်တွင် လက်ရှိတွင် COVID-19 ရောဂါ ကူးစက်ခံရမှုပိုမိုများပြားစွာ ဖြစ်ပွားခဲ့သည့် နိုင်ငံများမှာ တောင်အာဖရိက ၊ မော်ရိုကို ၊ တူနီးရှား ၊ အီဂျစ် နှင့် အီသီယိုးပီးယား နိုင်ငံ တို့ ဖြစ်ကြကြောင်း ၊ တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် COVID-19 ရောဂါ ကူးစက်မှု နှင့် သေဆုံးမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁,၃၃၇,၉၂၆ ဦးရှိခဲ့ကာ သေဆုံးသူစုစုပေါင်း ၃၇,၁၀၅ ဦး ရှိခဲ့ကြောင်း ၊ မော်ရိုကို နိုင်ငံ နှင့် တူနီးရှား နိုင်ငံ တို့တွင် ဇန်နဝါရီ ၁၈ ရက်အထိ ကူးစက်ခံရသူ ၄၅၉,၆၇၁ ဦး နှင့် ၁၈၀,၀၉၀ ဦး အသီးသီး ရှိကြောင်း သိရသည်။

ဆီနီဂေါနိုင်ငံ ပြည်ထဲရေးဝန်ကြီး Diome က ဇန်နဝါရီ ၁၉ ရက်သုညနာရီ မှ စတင်၍ Dakar ဒေသ နှင့် Thies ဒေသတွင် နေ့စဉ်ည ၉ နာရီ မှ နောက်နေ့ နံနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန်ကာလ အားဖြင့် ၈ ရက် ကြာမြင့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်၌ ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။

ရဝမ်ဒါနိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ဇန်နဝါရီ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရဝမ်ဒါ နိုင်ငံ မြို့တော် ခီဂါလီတွင် လတ်တလောကာလအတွင်း COVID-19 ရောဂါကူးစက်မှု မြင့်မားလာသောကြောင့် မြို့တော်တွင် နေအိမ်ပြင်ပမထွက်ရ အမိန့် ပြန်လည်ကြေညာပြီး ယင်းအမိန့်သည် ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရဝမ်ဒါ နိုင်ငံမြို့တော် ရှိ ပြည်သူများအနေဖြင့် လူမှုဘဝအတွက် မဖြစ်မနေလိုအပ်သော ပစ္စည်းများ ဝယ်ယူရန် ထွက်ခွာခြင်းမှ အပ နေအိမ်ပြင်ပထွက်ခွာခြင်းအား ကန့်သတ်ကြောင်း ၊ ယင်းမြို့ရှိ ကျောင်းများ အားလုံး နှင့် လူနေမှုဘဝ အတွက် မဖြစ်မနေ မလိုအပ်သော လုပ်ငန်းများမှ အပ ကျန်လုပ်ငန်းများအားလုံး ပိတ်သိမ်းရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မာလာဝီနိုင်ငံ သမ္မတ Lazarus Chakwera က ဇန်နဝါရီ ၁၇ ရက်ညပိုင်းအချိန်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များစွာ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာချက်တွင် ကျောင်းများ အချိန် ၃ ပတ်ပိတ်သိမ်းမည်ဖြစ်ကြောင်း ၊ အရက်ဆိုင်ကဲ့သို့သော ဆိုင်များအနေဖြင့် ည ၈ နာရီမတိုင်မီ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၊ အလားတူဆိုင်များ အစားအသောက်ဝန်ဆောင်မှု ပေးခြင်းကို တင်းကျပ်စွာ ကန့်သတ်ကြောင်း ၊ ဈေးဆိုင်များအနေဖြင့် ညနေ ၅ နာရီမတိုင်မီ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၊ အများပြည်သူသွားလာရာနေရာ တွင် နှာခေါင်းစည်း မတပ်ဆင်ပါက ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ၊ နေ့စဉ် ည ၉ နာရီ မှ နောက်နေ့နံနက် ၅ နာရီ အထိ နေအိမ်ပြင်ပ မထွက်ခွာရကြောင်း ၊ ဘာသာရေးဆိုင်ရာ စသော စုဝေးလှုပ်ရှားမှုများတွင် လူပေါင်း ၅၀ ထက် ကျော်လွန်၍ မစုဝေးရသော ကန့်သတ်ချက်များပါဝင်ကြောင်း သိရှိရသည်။

ဂါနာနိုင်ငံ သမ္မတ Nana Akufo-Addo က ဇန်နဝါရီ ၁၇ ရက် ညပိုင်းအချိန်၌ ရုပ်မြင်သံကြားမှ တစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ဂါနာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ အဆက်မပြတ် မြင့်တက်လာမှု က စိုးရိမ်ဖွယ်ရာကောင်းကြောင်း ၊ ထို့ကြောင့်အစိုးရ အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ ပိုမို စေလွှတ်၍ အများပြည်သူနေရာများတွင် နှာခေါင်းစည်းတပ်ဆင်မှု ကို စောင့်ကြည့်ထိန်းသိမ်းစေမည်ဖြစ်ကြောင်း ၊ နိုက်ကလပ် ၊ အရက်ဘား ၊ ရုပ်ရှင်ရုံ နှင့် ပင်လယ်ကမ်းခြေ စသည့်နေရာများတွင် ကန့်သတ်ချက်အား ချိုးဖောက်၍ ဆိုင်များဖွင့်လှစ်မှု မပြုလုပ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အင်ဂိုလာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Silvia Lutucuta က ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ နိုင်ငံအတွင်းရှိ လေဆိပ်များအားလုံးတွင် ပြည်ပမှ ဝင်ရောက်လာသူများကို Nucleic acid စစ်ဆေးမှု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစစ်ဆေးမှုသည် အချိန် ၁၅ မိနစ်အတွင်း အဖြေထွက်ရှိမည်ဖြစ်ကြောင်း ၊ စစ်ဆေးမှုအရ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိသူများကို ဆေးရုံသို့ပို့ဆောင်၍ သီးသန့်ခွဲခြား ထားရှိမည်ဖြစ်ပြီး စစ်ဆေးရာတွင် ကူးစက်ခံရခြင်းမရှိဟု အဖြေထွက်သူများအား နေအိမ်အတွင်း မဖြစ်မနေ သီးသန့်ခွဲခြား ၁၀ ရက် နေထိုင်ရမည်ဖြစ်ကြောင်း ၊ အိမ်တွင်း၌ ၁၀ ရက် သီးသန့်ခွဲခြားနေထိုင်ပြီးနောက်တွင် ရောဂါကူးစက်ခံရမှု ရှိမရှိ ထပ်မံစစ်ဆေးခံရမည်ဖြစ်ပြီး ကူးစက်ခံရခြင်း မတွေ့ရှိပါက သီးသန့်ခွဲခြားနေထိုင်ခြင်းကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇန်နဝါရီ ၁၈ ရက်၌ ပြည်သူများအား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ လိုက်နာကြရန် ထပ်မံ တိုက်တွန်းခဲ့ပြီး COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် မလိုအပ်လျှင် နေအိမ်ပြင်ပမထွက်ခွာကြရန် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ လက်ညွှန်ချက်များဖြစ်သော လက်မကြာခဏ ဆေးကြောခြင်း ၊ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း ၊ တစ်ဦးနှင့် တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေး တွင် ခပ်ခွာခွာနေထိုင်ခြင်း စသည့် သတ်မှတ်ချက်များကို လိုက်နာသွားကြရန် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————–
(Chinese Version) 

(国际疫情)综合消息:非洲多国增强新冠疫情防控力度

  新华社洛美1月18日电综合新华社驻非洲地区记者报道:非洲疾病预防控制中心18日发布的数据显示,非洲累计新冠确诊病例达到3262243例,累计死亡78911例,累计治愈2676896例。由于确诊人数持续增加,一些国家增强了疫情防控力度。
  数据显示,当前累计确诊病例居非洲前几位的国家包括南非、摩洛哥、突尼斯、埃及和埃塞俄比亚。南非是非洲确诊病例数和死亡病例数最多的国家,截至18日累计报告确诊病例1337926例,死亡病例37105例。摩洛哥和突尼斯截至18日分别累计报告确诊病例459671例和180090例。
  塞内加尔内政部长迪奥姆18日晚通过国家电视台宣布,将从19日0时起在达喀尔大区和捷斯大区继续实施晚9点至次日早5点的宵禁,为期8天。
  卢旺达总理办公室18日发布公报说,鉴于首都基加利近期新冠确诊病例数激增,该市重新实施“禁足令”,即时生效。该市居民除购买生活必需品等活动外禁止外出,所有学校和非民生必需经营场所关闭。
  马拉维总统查克维拉17日晚宣布一系列疫情防控措施,包括所有学校关闭3周;酒吧等所有营业场所在晚8点前结束营业,严禁此类场所提供堂食服务;商铺等晚5点前关闭;公共场所未戴口罩者将面临罚款;禁止在晚9点至次日早5点期间外出;宗教等集会活动参与人数不得超过50人等。
  加纳总统阿库福-阿多17日晚在电视讲话中说,加纳不断增加的新冠确诊病例数令人忧心,为此政府将派出警力监督民众在公共场所戴口罩,并确保夜店、酒吧、电影院和海滩等场所没有违规开放营业。
  安哥拉卫生部长卢图库塔16日宣布,从当天开始,该国机场将对所有海外入境旅客进行核酸检测,并在15分钟内出结果。检测结果呈阳性者将被送往医院隔离,呈阴性者须强制居家隔离10天后再接受检测,结果为阴性方可解除隔离。
  津巴布韦总统姆南加古瓦18日再次呼吁民众遵守防疫规定,以应对该国第二波新冠疫情。他呼吁所有民众“非必要不出门”,并遵守世界卫生组织的建议和该国的防疫规定,如勤洗手、外出戴口罩、保持社交距离等。(执笔记者:田耘;参与记者:汪平、许正、吴长伟、张改萍、白林、赵宇鹏、荆晶、张玉亮、邢建桥、滕军伟、吕天然)(完)

Photo
这张2020年10月5日拍摄的资料照片显示,戴口罩的学生在喀麦隆首都雅温得一所小学上课。

    新华社发(科普索 摄)