Connect with us

News

ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများ မြောက်ဘက်သို့ ရွှေ့လျားလာခြင်းအပေါ် ဘိုင်ဒင်နှင့်အဖွဲ့က လာရောက်ခြင်းမပြုရန် ဖျောင်းဖျလို

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradiaမြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်ဒေသသို့ ဦးတည်လျှောက်လှမ်းနေသည့် လူပေါင်း(၈,၀၀၀)နီးပါးရှိသည့် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူ စုပေါင်းလူအုပ်ကြီးကို မကြာမီ အာဏာရမည့် ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က ယခုအချိန်အခါလာရောင်ခြင်းမပြုကြရန် ဖျောင်းဖျလိုကြောင်း သိရသည်။

“နယ်စပ်အခြေအနေက တစ်ရက်တစ်ညနဲ့ ပြောင်းလဲမသွားပါဘူး။ အမေရိကန်ကို ဝင်ရောက်မယ့် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ အခုက အချိန်အခါမဟုတ်သေးဘူး”ဟု ဂျိုးဘိုင်ဒင် အသွင်ကူးပြောင်းရေးအဖွဲ့၏ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက NBC၏ သီးသန့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradiaမြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ရဲတပ်ဖွဲ့ဝင်အား သက်သေလက်မှတ်ထောက်အထား ပြသနေသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ရီပတ်ဘလစ်ကန်ပါတီ သမ္မတ ထရမ့် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လူဝင်မှုကြီးကြပ်ရေး အကာအကွယ်ပေးမှုဆိုင်ရာ သဘောတူညီချက်ကို စတင် အကောင်အထည်ဖော်ခဲ့ရာ ဗဟိုအမေရိကနှင့် အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံသူများသည် မတ်တာမိုရို့စ်စသည့် မက္ကဆီကိုနယ်စပ်မြို့လေးများတွင် နေထိုင်၍ အမေရိကန်တရားရုံး၏စိစစ်ခွင့်ပြုမှုကို စောင့်စားရန်ဖြစ်သည့် “မက္ကဆီကိုတွင် နေထိုင်ရန်”မူဝါဒကို ကျင့်သုံးခဲ့သည်။ ထိုမူဝါဒကြောင့် ထောင်နှင့်ချီသည့် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများသည် မက္ကဆီကို နယ်စပ်တွင် သောင်တင်နေခဲ့ကြောင်း သိရသည်။

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradiaမြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရသစ်က နယ်စပ်တွင် စောင့်စားနေသူများနှင့်အခြား အားနည်းသည့်လူအုပ်စုများ၏ ခိုလှုံခွင့်လျှောက်ထားချက် ဦးစားပေး စိစစ်ဆောင်ရွက်သွားမည်ဟု ဘိုင်ဒင်အဖွဲ့၏ အရာရှိက ဆိုသည်။ ဘိုင်ဒင်ဆောင်ရွက်မည့် လူဝင်မှုကြီးကြပ်ရေးဥပဒေသည် အမေရိကန်နိုင်ငံအတွင်း နေထိုင်လျက်ရှိပြီး တရားဝင်လက်မှတ် မရရှိသေးသည့် ရွှေ့ပြောင်းနေထိုင်သူများကို မျက်နှာမူခြင်းဖြစ်ကြောင်း၊ တရားမဝင် နိုင်ငံအတွင်းသို့ဝင်ရောက်သည့် ရွှေပြောင်းနေထိုင်သူများကို မဆိုလိုကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးအကာအကွယ်ပေးမှုဆိုင်ရာ သဘောတူညီချက်ကို ဘိုင်ဒင်အနေဖြင့် ဖျက်သိမ်းလိုသော်လည်း အာဏာရပြီးချင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအားလုံးကို နိုင်ငံအတွင်းသို့ ဝင်ရောက်စေမည်မဟုတ်ကြောင်း သိရသည်။

 ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradiaမြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများက ကုန်ကားစီး၍ ခရီးနှင်ရန် ကြိုးပမ်းနေသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်တွင် ကိုဗစ်ကပ်ရောဂါအခြေအနေဆိုးဝါးလျက်ရှိရာ “အကူအညီနဲ့မျှော်လင့်ချက်က ဆောင်ရွက်နေဆဲပါ။ သူတို့ရဲ့လုံခြုံရေးအတွက်စဉ်းစားရမယ်။ အခုလာရင်တော့ မှန်ကန်မှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
ရိုက်တာ သတင်းဌာန၏ သတင်းများအရ လူပေါင်း(၈,၀၀၀)နီးပါးရှိသည့် ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးသည် ဇန်နဝါရီ ၁၅ ရက်က ဂွါတီမာလာကို ရောက်ရှိခဲ့ရာ ယင်းနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ကို တားဆီးရန် ကြိုးစားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာ အရှေ့တောင်ပိုင်း ဟွန်ဒူးရပ်စ်၊အယ်လ်ဆာဗေးဒိုးနှင့်ကပ်လျက်ရှိသည့် နယ်စပ်မြို့တွင် နှစ်ဖက်အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း Cofradiaမြို့တွင် သွားလာနေသည့် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူတံတိုင်းလုပ်၍ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဝန်းရံကာ အနောက်ဘက်ရှိ တောင်ကုန်းသို့ မောင်းနှင်ခဲ့ကြောင်းနှင့် မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးများ ပစ်လွှတ်ကာ လူစုခွဲခဲ့ကြောင်း ဂွါတီမာလာအစိုးရ ဝဘ်ဆိုက်တွင် ထုတ်လွှင့်သည့် ရုပ်သံများတွင် တွေ့ရသည်။ အချို့ ရွှေ့ပြောင်းနေထိုင်သူများက လူတံတိုင်းကို ကျော်လွှားဖို့ကြိုးစားရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တုတ်ဖြင့် ရိုက်နှက်မှုကို ခံခဲ့ရကြောင်း သိရသည်။
အဓိကရုဏ်းပြီးဆုံးသွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများ တောင်ပေါ်သို့ ဆုတ်ခွါသွားကြပြီဖြစ်သော်လည်း အချို့မှာ အခွင့်အလမ်းရှာပြီး ပြန်ဖြတ်ကျော်ရန် ကြိုးပမ်းလျက်ရှိသည်။

ဂွါတီမာလာ လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Alejandra Menaက “သူတို့က ဖြတ်ကျော်ဖို့ အမြဲတမ်းစမ်းကြည့်နေဦးမှာပါ။ ဒါပေမဲ့ အောင်မြင်မှာမဟုတ်ပါဘူး”ဟု ဆိုသည်။ ဂွါတီမာလာအစိုးရပြောကြားချက်အရ ရွှေ့ပြောင်းနေထိုင်သူ(၁,၀၀၀)ခန့်ကို ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဟွန်ဒူးရပ်စ် ပြန်ပို့ပြီးပြီဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သည့် စုပေါင်းလူအုပ်ကြီးသည် ဂွါတီမာလာ၏အတားအဆီးကို ဖြတ်ကျော်နိုင်မည်ဆိုပါက မက္ကဆီကိုတောင်ပိုင်း နယ်စပ်တွင် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အတားအဆီးကို ထပ်မံ ခံရအုံးမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်မှစ၍ ဗဟိုအမေရိကမှ အမေရိကန်သို့ ရွှေပြောင်းနေထိုင်သူ လှိုင်းလုံးကြီးသည် အဆက်မပြတ် ကြီးထွားလာခဲ့သည်။ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့်အယ်လ်ဆာဗေးဒိုးနိုင်ငံများရှိ ပြည်သူများက လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် စုစည်းအဖွဲ့ဖွဲ့ကာ ကားကြုံစီး၍သော်လည်းကောင်း၊ ခြေလျင်လျှောက်၍သော်လည်းကောင်း ကီလိုမီတာထောင်နှင့်ချီ ခရီးနှင်လေ့ရှိပြီး နည်းလမ်းအသွယ်သွယ်ဖြင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းကြကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version) 

中美洲移民北上 拜登团队欲劝退

新华社北京1月18日电(记者缪培源)大约8000名中美洲移民组成的“大篷车”队伍正北上前往美国南部边境,而即将上台的约瑟夫•拜登政府只想对他们说:现在别来!
一名不愿公开姓名的拜登过渡团队高级成员17日接受美国全国广播公司独家采访时说,“边境情况不会一夜之间改变”,对想要入境美国的中美洲移民而言,“现在还不是来的时候”。
现任共和党籍总统唐纳德•特朗普领导的政府2019年1月开始执行《移民保护协议》,施行“留在墨西哥”政策,要求来自中美洲、试图寻求美国庇护的移民停留在马塔莫罗斯等墨西哥边境城市,等待美国法院受理庇护申请。这一政策导致数以千计中美洲移民滞留墨西哥境内。
上述拜登团队成员说,新一届政府将优先受理在边境等待的人和其他弱势群体的庇护申请。他强调,拜登方面拟议的移民立法面向已经生活在美国境内、尚未取得合法身份的移民,而不是想要非法入境美国的移民。拜登确实希望撤销《移民保护协议》,但不会一上台就让所有非法移民入境。
 鉴于美国新冠疫情严重,他说:“帮助和希望正在路上。为他们自己安全着想,现在来不理智。”
 路透社报道,将近8000名移民15日起陆续抵达危地马拉。危地马拉派出安全部队试图阻拦。双方17日在危东南部靠近洪都拉斯和萨尔瓦多的边境小镇巴多翁多发生冲突。
 危政府在网上发布的视频显示,安全部队组成“人墙”围住非法移民,试图将他们逼向背后的山坡,并投掷催泪弹和烟幕弹驱散人群。一些移民试图穿越“人墙”,遭安全部队用警棍击打。
  冲突结束后,移民被迫退到山上,其中一些人打算找机会重新闯关。
  危移民局发言人亚历杭德拉•梅娜说:“他们一直尝试通过,但我们不会让他们得逞。”按照危政府的说法,危地马拉15日至16日已经将大约1000名移民送回洪都拉斯。
即使“移民大篷车”队伍闯过危地马拉这一关,他们还要在墨西哥南部边境面对墨安全部队的阻拦。
2018年以来,中美洲赴美移民潮不断扩大。洪都拉斯、危地马拉和萨尔瓦多一些民众借助社交网络交流结队,以搭乘顺风车和步行等方式,行进数千公里,寻求以各种方式入境美国。这类移民队伍获称“移民大篷车”。
图说1,3: 新华社照片,科夫拉迪亚(洪都拉斯),2021年1月18日
(新华视界)(1)大批中美洲移民再次出发寻求前往美国
1月15日,在洪都拉斯北部城市科夫拉迪亚,中美洲民众走过当地警方面前。
图说2:1月15日,在洪都拉斯北部城市科夫拉迪亚,一名中美洲人向当地警方展示证件。新华社发
图说 4: 1月15日,在洪都拉斯北部城市科夫拉迪亚,中美洲民众试图搭乘货车行进。新华社发
图说 5 : 1月15日,在洪都拉斯北部城市科夫拉迪亚,中美洲民众在当地公路上行进。新华社发

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.