ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မြန်မာတို့၏ ရိုးရာ ပွဲတော် တစ်ခု ဖြစ်သော အောက်တိုဘာလတွင် ကျရောက်သည့် သီတင်းကျွတ် မီးထွန်း ပွဲတော် နီးလာသည်နှင့်အတူ ပြည်တွင်း ဈေးကွက်တွင် လက်လုပ် မီးပုံးများမှာ ဝယ်လိုအား များပြားလျက် ရှိနေသည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်(Xi Jinping) နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့ အောက်တိုဘာ ၉ရက်တွင်ကျင်းပသောအစည်းအဝေး၌ ပါကစ္စတန်နိုင်ငံ ကောင်းမွန်လျင်မြန်စွာတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီရန်ရိုးသားစွာမျှော်လင့်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) ကိုယ်ဝန်ဆောင် မိခင် တစ်သန်းခန့်အတွက် ကိုယ်ဝန်ဆောင် အားဆေးများကို လာမည့် ခြောက်လ အတွင်း အလုံအလောက် ဖြန့့်ဝေပေးမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၈ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khanနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆော်လမွန်ကျွန်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများ၏ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုဖြစ်လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အောက်တိုဘာလ ၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်(၅၈/၅-၆)ကြား အောက်တိုဘာ ၈ရက်တွင် ယာဉ် ၃ စီး တိုက်မိပြီး လူ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမာ္ဘ့အကြီးဆုံး ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲဖြစ်သော ပေကျင်း နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲအား ရက်ပေါင်း ၁၆၂ ရက် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ပိတ်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လန်ဒန်၊ အောက်တိုဘာလ ၉ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ဥရောပသမဂ္ဂ ၏သဘောတူညီချက်မရရှိဘဲ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်ရေးကို ရှောင်ရှားနိုင်ရန်အတွက်နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်အဖြစ်ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရတ်ကာ(Leo Varadkar) နှင့် တွေ့ဆုံဆွေးနွေးမှုပြုသွားမည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၈ ရက် တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ၂၀၁၈ – ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၉၅,၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ပြည်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဝန်ကြီးအဆင့် အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။