Connect with us

WORLD

အီရတ်နိုင်ငံ က ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံအား ပြည်ဝင်ခွင့် ပိတ်ပင်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ကျောင်းသားများ နှာခေါင်းစည်း တပ်ဆင်ထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

အီရတ်နိုင်ငံအစိုးရ က ဗီဇပြောင်းလဲ ကူးစက်မြန် COVID-19 ရောဂါ ပျံ့နှံ့ လာခြင်းမရှိအောင် ကာကွယ်ရန်အလို့ငှာ ဒီဇင်ဘာ ၂၂ ရက်က ကန့်သတ်ချက်အသစ် တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပြီး ဗြိတိန် နိုင်ငံ နှင့် တောင်အာဖရိက နိုင်ငံအပါ အဝင် နိုင်ငံပေါင်း ၈ ခု ပြည်ဝင်ခွင့် ကန့်သတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဗီဇပြောင်းလဲ COVID-19 ရောဂါ ပျံ့နှံ့နေသော နိုင်ငံများ၏ အခြေအနေပေါ် မူတည်၍ အီရတ်နိုင်ငံ လွှတ်တော်က ဒီဇင်ဘာ ၂၂ ရက်၌ အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ဗြိတိန် ၊ တောင်အာဖရိက ၊ သြစတြေးလျ ၊ ဒိန်းမတ်၊ နယ်သာလန် ၊ ဘယ်လ်ဂျီယံ ၊ အီရန် နှင့် ဂျပန် နိုင်ငံ တို့အား ခရီးသွားလာမှု ကန့်သတ်ချက်ပြုလုပ်ခဲ့ပြီး အဆိုပါနိုင်ငံများရှိ အီရတ် နိုင်ငံသားများမှလွဲ၍ အခြားသူများ အီရတ်နိုင်ငံ အတွင်းသို့ ပြည်ဝင်ခွင့် ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း နှင့် အီရတ် နိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မည် ဆိုပါက ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်ပြီး COVID-19 ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီရတ် နိုင်ငံအစိုးရ အနေဖြင့် နယ်စပ်ဂိတ်များအားလုံး ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ၊ ဒီဇင်ဘာ ၂၄ ရက် မှ စတင်၍ ဈေးဝယ်စင်တာများ ပိတ်သိမ်းရမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် အခြားအများပြည်သူနှင့် သက်ဆိုင်သောနေရာများကိုလည်း အချိန် နှစ်ပတ် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ဒီဇင်ဘာ ၂၂ ရက် တွင် နိုင်ငံ ၌COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၁၅၈ ဦးရှိခဲ့ပြီး လက်ရှိတွင် ကူးစက်ခံရသူ စုစုပေါင်း ၅၈၆,၅၀၃ ဦးထိရောက်ရှိလာခဲ့ကြောင်း ၊ ယင်းနေ့တွင် COVID-19 ရောဂါကြောင့် လူ ၁၅ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူ စုစုပေါင်း ၁၂,၇၂၅ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ယင်းနေ့တွင် COVID-19 ရောဂါ ကူးစက်ခံရသူများအနက် ရောဂါ ပြန်လာသက်သာလာသူ ၁,၇၀၇ ဦးရှိခဲ့ပြီး စုစုပေါင်းရောဂါသက်သာပျောက်ကင်းသူ ၅၂၄,၃၄၄ ဦး ရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————-
(Chinese Version)

(国际疫情)伊拉克对英国等8个国家实施旅行禁令

  新华社巴格达12月22日电(记者张淼)为防范变异新冠病毒传播,伊拉克政府22日出台最新限制措施,其中包括对英国、南非等8个国家实施旅行禁令。

  针对变异新冠病毒在部分国家传播的情况,伊拉克政府当天召开会议,决定对英国、南非、澳大利亚、丹麦、荷兰、比利时、伊朗和日本实施旅行禁令,同时禁止除伊拉克公民外来自这8个国家的人员入境。从上述国家返回的伊拉克民众入境后须隔离14天并接受新冠病毒检测。
  此外,伊拉克政府还决定关闭所有陆路口岸,并从24日起关闭商场、餐厅和其他公共设施两周。

  伊拉克卫生部22日发布的数据显示,该国新增新冠确诊病例1158例,累计确诊586503例;新增死亡病例15例,累计死亡12725例;新增治愈病例1707例,累计治愈524344例。(完)

Photo
新华社照片,巴格达,2020年11月29日
(国际疫情)(4)伊拉克累计新冠确诊病例超过55万例
11月29日,在伊拉克巴格达,学生戴着口罩进入教室。
伊拉克卫生部29日发布的新冠疫情数据显示,该国当天新增确诊病例1614例,累计确诊550435例。
新华社发