Connect with us

WORLD

ယူကေတွင် နေ့စဉ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအရေအတွက် မြင့်တက်မှု စံချိန်တင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဟိသရိုးလေဆိပ်ရှိ ခရီးသည်ဆိုက်ရောက်ခန်းမတွင် အမျိုးသမီးတစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် နောက်ထပ် COVID-19 ရောဂါဖြစ်ပွားမှု ၃၆,၈၀၄ ဦးတွေ့ရှိခဲ့သဖြင့် ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ နေ့စဉ် ကူးစက်မှုအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် စုစုပေါင်းမှာ ၂,၁၁၀,၃၁၄ ဦးရှိပြီဖြစ်ကြောင်း အချက်အလက်များက ဖော်ပြထားသည်။ လွန်ခဲ့သည့် ၂၈ ရက်အတွင်း ရောဂါစစ်ဆေးတွေ့ရှိခဲ့သူများအနက် လူပေါင်း ၆၉၁ ဦး သေဆုံးခဲ့ရာ ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ဆက်စပ်မှုကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်းမှာ ၆၈,၃၀၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဟိသရိုးလေဆိပ်ရှိ ခရီးသည်ထွက်ခွာဧရိယာသို့ ဝင်ရောက်ရန် လူအများ တန်းစီနေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကိန်းဂဏန်းများသည် ဗြိတိန်နိုင်ငံ၌ ရောဂါ ပိုမိုကူးစက်မှု ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် လျင်မြန်စွာ ပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်လာသည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ဗြိတိန်တွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြောက်အများ တွေ့ရှိခဲ့ပြီး ယင်း ဗီဇအသစ်သည် ရောဂါကူးစက်မှုအများဆုံး ကန့်သတ်ချက်အဆင့် ၄ အောက်ရှိ ဧရိယာ၌ အတိအလင်းကူးစက်လျက်ရှိကြောင်း The Guardian သတင်းစာက ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ St. Pancras နိုင်ငံတကာဘူတာရုံရှိ Eurostar ၏ နိုင်ငံတကာထွက်ခွာနေရာ ဆိုင်းဘုတ်ကို တွေ့ရစဉ် (ဆင်ဟွာ) 

ထို့ပြင် နိုင်ငံပေါင်း ၄၀ ကျော်ကလည်း ဗီဇပြောင်းဗိုင်းရပ်စ်အသစ် ပျံ့နှံ့မှု စိုးရိမ်မှုရှိနေစဉ် ဗြိတိန်နိုင်ငံမှ ခရီးသည်များအပေါ် ခရီးသွားခွင့်ကန့်သတ်ချက်များ သတ်မှတ်ထားလျက်ရှိသည်။ပြင်သစ်နိုင်ငံကလည်း ဗြိတိန်နှင့် နယ်စပ်ကို ၄၈ နာရီကြာပိတ်ထားခဲ့ပြီး ဒိုဗာမြို့ဆိပ်ကမ်းမှ ကုန်တင်ယာဉ်များ သို့မဟုတ် ခရီးသည်တင် သင်္ဘောများ ရွက်လွှင့်ခြင်းကိုလည်း ခွင့်မပြုတော့ကြောင်း၊ သွားလာခွင့်ပိတ်ထားပြီးနောက် ပြင်သစ်နိုင်ငံနှင့် ခရီးသွားလာခြင်း ပြန်လည်စတင်ရန် သဘောတူညီချက်မှာ ဒီဇင်ဘာ ၂၂ ရက် နှေိာင်းပိုင်း၌ ဖြစ်လာနိုင်ကြောင်း Sky News အရ သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဟိသရိုးလေဆိပ်ရှိ ခရီးသည်ထွက်ခွာဧရိယာပြင်ပတွင် ခရီးသည်များ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်နေကြစဉ် (ဆင်ဟွာ) 

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်နှင့် အင်္ဂလန်နိုင်ငံ၏ အခြားသောအစိတ်အပိုင်းများအတွက် ဗီဇပြောင်း ဗိုင်းရပ်စ်အသစ်နှင့် ဆက်စပ်သော ကူးစက်မှုများ မြင့်တက်လာမှုအား တိုက်ဖျက်ရန် ကန့်သတ်ချက်အသစ် အဆင့် ၄ ကို ဒီဇင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ် (Matt Hancock) ကလည်း ဗီဇပြောင်းဗိုင်းရပ်စ်အသစ်မှာ ဗြိတိန်နိုင်ငံ၌ “ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း” သတိပေးခဲ့သည်။ပုံမှန်လူနေမှုအခြေအနေသို့ ပြန်လည်ဆောင်ကြဉ်းနိုင်ရန် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်မှုအတွက် အပြိုင်အဆိုင် ကြိုးစားလျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————————-
(English Version)

UK records highest daily number of coronavirus cases

LONDON, Dec. 22 (Xinhua) — Another 36,804 people in Britain have tested positive for COVID-19, marking the highest daily increase of coronavirus cases since the pandemic began in the country, according to official figures released Tuesday.

The total number of coronavirus cases in the country now stands at 2,110,314, the data showed.Another 691 people have died within 28 days of a positive test, bringing the total number of coronavirus-related deaths in Britain to 68,307, the data showed.

The figures were revealed amid grave concerns over the fast spread of a new coronavirus strain in Britain, which is said to be about 70 percent more transmissible.
Thousands of cases of the more infectious variant of coronavirus have been detected across Britain, indicating that the new strain had clearly spread beyond areas under the toughest Tier Four restrictions, The Guardian newspaper reported.

More than 40 countries have imposed travel restrictions on travelers from Britain amid fears of the new virus strain.
France has closed its border with Britain for 48 hours, with no lorries or ferry passengers able to sail from the port of Dover. A deal to resume travel with France following the shutdown could come later Tuesday, according to Sky News.

British Prime Minister Boris Johnson on Saturday announced the new Tier Four restrictions for London and other parts of England to combat an alarming surge in infections linked to the new virulent strain. British Health Secretary Matt Hancock has warned that the new virus strain is “out of control” in Britain.

To bring life back to normal, countries such as Britain, China, Germany, Russia and the United States are racing against time to develop coronavirus vaccines. Enditem
1-A woman waits in the arrivals hall at Heathrow Airport in London, Britain, on Dec. 21, 2020. (Photo by Tim Ireland/Xinhua)
2-People queue to enter the departures area at Heathrow Airport in London, Britain, on Dec. 21, 2020. (Photo by Tim Ireland/Xinhua)
3-Photo taken on Dec. 21, 2020 shows a sign of Eurostar international departures at St. Pancras International Station in London, Britain. (Photo by Tim Ireland/Xinhua)
4- People hug each other goodbye outside the departures area at Heathrow Airport in London, Britain, on Dec. 21, 2020. (Photo by Tim Ireland/Xinhua)■