Connect with us

Science & Technology

ချင်းပြည်နယ်ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ် စီမံကိန်း ၇၅ ရာခိုင် နှုန်းတည်ဆောက်ပြီးစီး

လေယာဉ်ကွင်းငယ်တည်ဆောက်ပြီးစီးမှု အခြေ အနေများအား ဒုတိယသမ္မတ နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ချင်းပြည်နယ် ၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင် နှုန်းတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်ရေးစီမံကိန်းကို ချင်းပြည်နယ် (တောင်ပိုင်း)ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာ အခက်အခဲ များကိုလျှော့ချနိုင်ရန် နှင့် ပိုမိုထိရောက်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်ပေါ်လာစေ ရန်ရည်ရွယ်၍ နိုင်ငံတကာလူသားချင်းစာနာထောက်ပံ့ရေး လေကြောင်းအဖွဲ့အစည်း (Mission Aviation Fellowship – MAF) အဖွဲ့၏ ထောက်ပံ့မှုဖြင့် တည်ဆောက်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဆိုပြုလျာထား (၃) နေရာအနက် ယခုနေရာကို တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကွင်းငယ်တည်ဆောက်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၁၂/ ၂၀၁၇) ခွင့်ပြုချက်ဖြင့်၂၀၁၉ ခုနှစ် မေလ မှစတင်၍ တည် ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း ၊ လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင်နိုင်ငံတကာအဖွဲ့ အစည်း တစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့်ထောက်ပံ့မှုဖြင့် ပထမဆုံး တည်ဆောက်သော စီမံကိန်းတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၄၉၁၈ ပေတွင် တည်ရှိကြောင်း၊ လေယာဉ်ပြေးလမ်းအလျားပေ – ၂၅၀၀ ၊ အကျယ်ပေ- ၅၀ ရှိကြောင်း၊ Caravan Cessna လေယာဉ်အမျိုးအစားများဆင်းသက်နိုင်ပြီး လေယာဉ်ရပ်နားရန် နေရာသည် အလျားပေ – ၁၅၀ ၊ အနံပေ – ၂၀၀ ရှိကြောင်း သိရသည်။

လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ပြီးစီးမှု အခြေ အနေများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ်ဖုန်းမြတ် ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.