Connect with us

Asia

COVID-19 ရောဂါ ကူးစက်မှု စိုးရိမ်၍ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေ၌ နှစ်ကူးပွဲတော် ကျင်းပမည့် အစီအစဉ်များ ပယ်ဖျက်

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဒီဇင်ဘာ၂၃ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်(Samut Sakhon) တွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့ရာ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရန် စီစဉ်ထားမှုများကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံ ပတ္တယားမြို့ အာဏာပိုင်များက ‌ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ နာမည်ကျော် ပတ္တယားကမ်းခြေသို့ နှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် ခန့်မှန်းခြေ ဧည့်ပရိသတ် ၃၀၀,၀၀၀ လာရောက်ရန် မျှော်လင့်ထားကြောင်း ပတ္တယားမြို့တော်ဝန် Sonthaya Khunpluem က ဆိုသည်။သို့သော်လည်း ထိုသို့လူပေါင်းများစွာ လာရောက် ပါဝင် ဆင်နွှဲကြမည့် ပွဲတော်ကာလအတွင်း တစ်ဦးနှင့်တစ်ဦးခပ်ခွာနေထိုင်ခြင်း(social distancing) သတ်မှတ်ချက်များအား လိုက်နာရန် အလွန်ခက်ခဲကြောင်း ၊ ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ကူးပွဲတော် ကျင်းပမည့် အစီအစဉ်များကို ပယ်ဖျက်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံပတ္တယားကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က “light is life” ဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် မီးထွန်းပွဲတော် မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ) 

ပတ္တယားကမ်းခြေရှိ ဟိုတယ်များ ၊ စားသောက်ဆိုင်များ နှင့် အခြားသော ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်နေရာများတွင် လူအရေအတွက် အနည်းငယ်ဖြင့် အခမ်းအနားများ ကျင်းပသွားရန် ရှိနေဆဲဖြစ်ကြောင်း မြို့တော် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်းတွင် ပြီးခဲ့သော ဒီဇင်ဘာ ၁၇ ရက်ကတည်းက COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်တက်ခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၁,၀၀၀ ကျော်ထိ ကူးစက်ခံထားရပြီးဖြစ်ကြောင်း နှင့် လာမည့် ရက်အနည်းငယ်အတွင်း ကူးစက်ခံရသူအရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။(Xinhua)
——————————————
(English Version)

Thailand’s Pattaya cancels New Year’s Eve celebration amid fear of COVID-19 spread

BANGKOK, Dec. 22 (Xinhua) — Pattaya city authorities in Thailand announced Tuesday the cancellation of New Year’s Eve festivities due to the fear of a possible coronavirus spread following the recent outbreak in Samut Sakhon province.

Approximately 300,000 visitors were expected to be at the popular beach resort in eastern Thailand, the mayor of Pattaya Sonthaya Khunpluem said.
However, social distancing measures would hardly be effective during an event of massive gathering, which led to the decision of the cancellation, he said.

Hotels, restaurants and other tourism-related venues in Pattaya might still hold New Year’s Eve events of a smaller scale, according to the city authorities.
The confirmed cases of the Samut Sakhon outbreak since Thursday have surged significantly to over 1,000, and the number is expected to increase in the next few days. Enditem
Photos caption – People view a fireworks show during the Pattaya Fireworks Festival 2020 in Pattaya, Thailand, Nov. 27, 2020. The nighttime festival is held on Nov. 27-28 in Pattaya beach area under the theme of “Light is Life”. (Xinhua/Zhang Keren)