Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဘွိုင်လာအိုးပေါက်ကွဲ၍ လူ ၈ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမာဘတ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ရေခဲစက်ရုံတစ်ခုတွင် ဒီဇင်ဘာ၂၂ ရက်က ဘွိုင်လာအိုးတစ်လုံးပေါက်ကွဲခဲ့ရာတွင် လူ ၈ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါစက်ရုံ အဆောက်အအုံမှာ လုံးဝပျက်စီးသွားခဲ့ပြီး အတွင်း၌ အလုပ်သမား အများအပြား ပိတ်မိနေရာ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းတွင် ဖြည့်စွက်ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဘေးချင်းကပ်လျက် စက်ရုံများလည်း ပျက်စီးသွားခဲ့ပြီး ယင်းအဆောက်အဦ၌ အလုပ်လုပ်နေသော လူများစွာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ဆေးရုံတစ်ရုံတွင် ရေခဲစက်ရုံပေါက်ကွဲမှု၌ ဆွေးမျိုးများသေဆုံးသွားခဲ့သည့်အတွက် နှစ်သိမ့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မတော်တဆမှုဖြစ်ပွားချိန်တွင် စက်ရုံထဲ၌ လူပေါင်း ၅၀ ကျော် အလုပ်လုပ်ကိုင်နေပြီး ကယ်ဆယ်ရေးအဖွဲ့များက ပိတ်မိနေသော စက်ရုံလုပ်သားများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း စက်ရုံအုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။
အပျက်အစီးများထဲတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် စက်ယန္တရားကြီးများ အသုံးပြုလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)
—————————————-
(English Version)

Boiler explosion in Pakistan’s Karachi leaves 8 killed, 15 injured

ISLAMABAD, Dec. 22 (Xinhua) — Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said.

The factory’s building collapsed to the ground following the explosion, trapping several laborers inside which are being recovered and shifted to the hospital, the reports added.
The explosion also damaged three adjacent factories and several people working in them were also injured, said the report.

The factory’s administrator said that over 50 people were working inside the factory when the incident happened and rescue teams are trying to recover the trapped laborers.
Police said that heavy machinery is being used to recover the trapped people from the debris.

1- Photo taken with mobile phone shows the explosion site in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said. (Str/Xinhua)

2- Photo taken with mobile phone shows rescuers working at the explosion site in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said. (Str/Xinhua)

3- Photo taken with mobile phone shows rescuers working at the explosion site in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said. (Str/Xinhua)

4- Photo taken with mobile phone shows rescuers working at the explosion site in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said. (Str/Xinhua)

5- People grieve over the death of their relatives in an explosion at a hospital in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said. (Str/Xinhua)
6- Photo taken with mobile phone shows the explosion site in southern Pakistani port city of Karachi on Dec. 22, 2020. Eight people were killed and 15 others injured when a boiler of an ice factory exploded in Pakistan’s southern port city of Karachi on Tuesday, local reports said.