ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် နှစ်ပေါင်း ၅၃ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
တီဟီရန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံရေတပ်က ဒုံးကျည်ပစ်လွှတ်နိုင်သော စစ်သင်္ဘောများ နှင့် စစ်ရဟတ်ယာဉ်များ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့စက်တင်ဘာ ၂ ရက်တွင် ကက်စပီယန်ပင်လယ်၌ ဒုတိယနေ့အဖြစ် အဆက်လက်ပြုလုပ်လျက်ရှိကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။
ဘာလင် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မြို ့ရှိ တိရစ္ဆာန်ရုံ တစ်ရုံ၌ ယနေ့(စက်တင်ဘာ ၂ ရက်)နံနက်ပိုင်းတွင် တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင်ကို ပထမဆုံး အကြိမ် မွေးဖွားခဲ့ကြောင်း Tierpark Berlin တိရစ္ဆာန်ရုံ၏...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အတွင်းရှိ မြို့နယ်လေးခုတွင် ဩဂုတ်လ အတွင်း မိုးသည်းထန်စွာရွာသွန်း ၍ လေပြင်း များ တိုက်ခတ်ခြင်း၊ ရေကြီးနစ်မြုပ် ခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ခဲ့သောကြောင့် ကျေးရွာပေါင်း ၅၂ ရွာမှ လူနေအိမ်...
နေပြည်တော်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင်အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲထံတိုင်ကြားနိုင်ကြောင်း အလုပ်သမား၊ ပြည်သူ့အင်အားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် နှစ်(၁၀၀) ပြည့် အထိမ်း အမှတ် အဖြစ် UMFCCI Centennial International Expo 2019 ပြပွဲကို စက်တင်ဘာ၂၀ ရက်မှ ၂၂...
မနီလာ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁ ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ၊ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာ အကွာတွင် စက်တင်ဘာ ၁ရက် ၊ ဂရင်းနစ်စံတော်ချိန် ၁၅း၅၄း၂၀နာရီ တွင် အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောသည်။