ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။
ပေကျင်း၊ဒီဇင်ဘာ၁၇ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လမျက်နှာပြင်ပေါ်မှ ပထမဆုံး နမူနာပစ္စည်းများကို စုဆောင်းရယူပြီး အမိနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော Chang’e-5 အာကာသခရီးစဉ် အောင်မြင်မှုအပေါ် ဝမ်းမြောက် ဂုဏ်ပြုကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် /စိုးမိုး တရုတ်နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့သည် နှစ်နိုင်ငံအနေဖြင့် ပဲ့ထိန်းဒုံးကျည် နှင့် အာကာသ သယ်ယူပို့ဆောင်ရေး ဒုံးကျည် လွှတ်တင်ခြင်းဆိုင်ရာ အချက်အလက်များအား အပြန်အလှန် အသိပေးအကြောင်းကြား ပေးအပ်သွားရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်ကို...
ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအမျိုးအစားသစ်တစ်မျိုးကို အင်္ဂါနေ့က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် “နောက်ဆုံးပြိုင်ပွဲ” သို့ ဝင်ရောက်လာပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်မှုအတွက် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပဲရစ် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပြင်သစ်နိုင်ငံဝန်ကြီးချုပ်Jean Castex က ပြင်သစ်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၏ နောက်ဆုံးအပတ်မှစတင်၍ COVID-19 ရောဂါ ကာကွယ်ဆေးသစ် စတင်ထိုးနှံပေးမည့် ပထမအဆင့် လုပ်ငန်းကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဆော်ပေါ်လို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၆ ရက်၌ နောက်ဆုံးထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း...
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြု လူနာ စတင်တွေ့ရှိချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦး အနက်လူနာ၂,၃၄၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။
ဘန်ဒါဆရီဘဂါဝမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ၁၅၂ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ရောဂါဖြစ်ပွားသူအသစ်မရှိကြောင်း သိရသည်။