Connect with us

Social

နိုဝင်ဘာလတွင် YBS စီးနင်းသူ ၂၄ ရာခိုင်နှုန်း အထိပြန်လည်မြင့်တက်လာ

နှာခေါင်းစည်းဖြင့် YBS စီးနင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ဒုတိယလှိုင်းကြောင့် YBS စီးနင်းသူသည် အောက်တိုဘာ လကုန်ပိုင်းတွင် အရေအတွက် ၂၀၀,၀၀၀ကျော် ရှိခဲ့ရာမှ နိုဝင်ဘာ တွင် ၄၀၀,၀၀၀ ကျော်အထိ ထက်ဝက်ခန့် ပြန်လည် မြင့်တက်လာခဲ့ကြောင်း၊ COVID-19 ရောဂါမဖြစ်ပွားခင်ကာလ နှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းခန့် YBS ပြန်လည်စီးနင်းလာကြပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ ၁၈ ရက်တွင်ပြောသည်။

“ပြီးခဲ့တဲ့လက YBS စီးနင်းသူက ၁၅ ရာခိုင်နှုန်းလောက်ရှိတယ်။ အခုနိုဝင်ဘာလ မှာ စီးနင်းသူက ၂၄ ရာခိုင်နှုန်းအထိ ပြန်တက်လာခဲ့တယ်။ဒါကြောင့် YBSယာဉ်တွေကိုလည်း ခရီးသွားဦးရေနဲ့ ညီညွတ်အောင်တိုးချဲ့ ပြေးဆွဲပေးနေပါတယ်။’’ ဟု၎င်းကဆိုသည်။

YBS ယာဉ်မောင်းများ COVID-19 ကူးစက်မှုမခံရရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ဒုတိယလှိုင်းတွင် YBS ယာဉ်မောင်းအချို့ COVID-19 ကူးစက်ခံခဲ့ရသဖြင့် ထိုသို့ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။“YBS ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေ ယာဉ်ကြီးကြပ်သူအားလုံး ရောဂါကူးစက်မှုမရှိဖို့ အထူးစိစစ်ဆောင်ရွက်နေပါတယ်။ YRTA အနေနဲ့ ကတော့ ခရီးသွားပြည်သူတွေ အဆင်ပြေဖို့အတွက် ရောဂါကင်းစင်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ နှာခေါင်းစည်းတွေ၊ မျက်နှာကာတွေ အခမဲ့ဝေပေးတာတွေ၊ ပိုးသတ်ဆေးဖျန်းတာတွေ ကိုဆောင်ရွက်နေပါတယ်’’ ဦးလှအောင် က ဆက်လက် ပြောကြားသည်။ နိုဝင်ဘာ ၁၇ ရက်တွင် YBS ယာဉ်လိုင်း (၁၀၅) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၇၆၉) စီးဖြင့် ခရီးသည် (၄၃၈,၉၈၄) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.