တိုကျို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ သြဂုတ်လ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ၊အင်္ဂလန်၊ ပီတာဘိုးရပ်မြို့တွင် စက်ရုံတစ်ခု၌ သြဂုတ်လ ၂၉ ရက်ည ၇ နာရီကမီးအကြီး အကျယ်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ ပီတာဘိုးရပ်မြို့ရှိ ရှရူးစ်ဗျူရီ ရိပ်သာတွင် ဂိုထောင်တစ်ခု မှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကိုလည်း မီးလောင်မှုအတွင်းကြားရကြောင်းသိ ရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ဘိုဂိုတာ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၏ ယခင်လက်နက်ကိုင်သူပုန်အဖွဲ့ဟောင်းဖြစ်သောကိုလံဘီယာတော်လှန်ရေးလက် နက်ကိုင်တပ်ဖွဲ့ (FARC) ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်ဟောင်း အီဗန်မာကွက်ဇ် (Ivan Marquez) က၎င်းအနေဖြင့် အခြားသော FARC သူပုန်အဖွဲ့၏ ခေါင်းဆောင်ဟောင်းများနှင့်အတူ ပြန် လည်၍ လက်နက်ကိုင်တိုက်ခိုက်မှု ပြုလုပ်ရလိမ့်မည်ဟု သြဂုတ် ၂၉ ရက်က ကြေညာလိုက်ကြောင်း...
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလကုန်မှစတင်ကာ ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင်တန်း(Grade 11) စာသင်နှစ် ပြီးဆုံးအောင် သင်ယူပြီးသူတို့အား အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိင်မည့် အခြေခံပညာ အထက်တန်း ပြီးစီးခြင်း လက်မှတ် (CC:_ Completion Certificate) ပေးအပ်မည့်စနစ်ကို ယခု တက်ရောက်နေသော ၂၀၁၈ _ ၁၉...
မက္ကစီကိုစီးတီး၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မက္ကစီကိုနိုင်ငံအရှေ့ဘက်ရှိ ဘားတွင် သြဂုတ်လ ၂၇ ရက် ညကဖြစ်ပွားခဲ့သော မီးလောင်မှု၌ သေဆုံးသူ ၂၆ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦး အထိရှိလာကြောင်း ပြည်နယ်အစိုးရရုံးက သြဂုတ် ၂၈ ရက် တွင် ပြောကြားခဲ့သည်။
ဘေရွတ် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) လက်ဘနွန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၂၈ ရက် ၌ နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက် လာသည့် အစ္စရေး နိုင်ငံ မောင်းသူမဲ့ လေယာဉ် ၃ စင်း အား...
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေးသစ်တောစိုက်ပျိုးရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နေပြည်တော် MICC II တွင် ယနေ့နံနက် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း...