ကိုင်ရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ North Sinai ပြည်နယ် Arishမြို့တွင် အီဂျစ်လုံခြုံရေး တပ်ဖွဲ့က လျှပ်တစ်ပြက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ် ၊ အိန္ဒိယ ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ်စတန် နှင့် ဥဇဘတ်ကစ်စတန် နိုင်ငံများမှ စစ်သည်များသည် ရုရှားနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက် မှ ၂၁ ရက်အထိ ပြုလုပ်မည့်...
ဒါအက်စ်ဆလမ် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) တန်ဇန်းနီးယား နိုင်ငံ အရှေ့ပိုင်း မော်ရိုဂိုရိုဒေသ၌ လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုတွင် သေဆုံးသူ အရေ အတွက် မှာ ၉၇ ဦးထိ ရှိလာခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) သူနာပြု လုပ်ငန်း ပိုမိုတွင်ကျယ်စေရန် သူနာပြုများကို ကူညီရမည့် အကူသူနာပြုများ မွေးထုတ်နိုင်ရေး အတွက် အကူသူနာပြု ကိုးလသင်တန်းများကို ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ အမျိုးသား လွှတ်တော်၌ ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) ၂၀၁၉ အောက်တိုဘာနှင့် နိုဝင်ဘာတို့၌ အသက် ကိုးလမှ ၁၈ လအတွင်း ကလေးငယ် လေးသန်း တို့အား ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့...
နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ် (Moon Mission) သု့ိမဟုတ် Chandrayaan-2 အာကာသလွန်းပျံယာဉ်သည် သြဂုတ် ၂၀ ရက်တွင် လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဟု အာကာသလုပ်ငန်းက အတည်ပြုခဲ့ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) က...
ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) မန္တလေး-လားရှိုး- မူဆယ်လမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီး သွားသည့် ဂုတ်တွင်း သံကူကွန်ကရစ် တံတား အား ပြည်သူများ အမြန်သွားလာ နိုင်ရန် ဂုတ်တွင်း ဘေလီတံတားအား ယနေ့သြဂုတ် ၂၀ ရက်တွင် ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး...
ခါတွန် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတဟောင်း အိုမာအယ်ဘာရှား(Omar al-Bashir)အား အကျင့်ပျက်ခြစားမှု ၊ နိုင်ငံခြားငွေကြေးလက်ဝယ်ပိုင်ဆိုင်မှု နှင့် တရားမဝင်ကြွယ်ဝချမ်းသာမှုတို့ဖြင့် ခါတွန်မြို့၌ သြဂုတ် ၂ဝ ရက်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း အချင်းဖြစ်တရားရုံးသို့ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
ပန်ဂျပ် ၊ အိန္ဒိယ ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမာချယ်ပါရာဒက်ရှ် ( Himachal Pradesh ) ၊ ဥထရာခန် ( Uttarakhand) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်များတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့်...
ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေး ရောဂါ(A(H1N1)pdm 09) ဖြစ်ပွားမှုများကြောင့် ယနေ့သြဂုတ် ၁၉ ရက် အထိ သေဆုံးသူ ၉၉ ဦး ထိ ရှိလာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။