Connect with us

Science & Technology

တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် 5G တာဝါတိုင်ပေါင်း ၈,၁၀၀ တည်ဆောက်ပြီးစီး

တရုတ်နိုင်ငံ၌ 5G တာဝါတိုင်တည်ဆောက်မှု လုပ်ငန်းခွင်တွင် ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် 5G+ခေတ်သစ်အခြေခံအဆောက်အဦဆက်သွယ်ရေးညီလာခံ ကို နိုဝင်ဘာ ၆ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် လက်ရှိချိန်တွင် ကန်းစုပြည်နယ်အတွင်း 5G တာဝါတိုင်စုစုပေါင်း ၈,၁၀၀ ခု တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

ယခုနှစ်မေလတွင် ထုတ်ပြန်ခဲ့သည့် ကန်းစုပြည်နယ် 5G တည်ဆောက်မှု နှင့် သက်ဆိုင်ရာ သီးသန့်ဆောင်ရွက်မှု အစီအစဉ် ၌ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအချိန်တွင် ကန်းစုပြည်နယ်အတွင်း 5G တာဝါတိုင် အခုရေပေါင်း ၃ သောင်းအထက် တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံး 5G ကွန်ရက်လွမ်းခြုံနိုင်မှုကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၊ အရေးပါသည့် စက်မှုဇုံ ၊ လုပ်ငန်းကုမ္ပဏီ ၊ ဆေးရုံ ၊ စာသင်ကြောင်း ၊ 4A အထက်အဆင့်ရှိ အပန်းဖြေစခန်း နှင့် ယာဉ်သွားလာမှုများပြားသည့် နေရာများတွင် 5G ကွန်ရက်နက်ရှိုင်းစွာ လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

China Mobile Communication Group ၊ Gansu Co. , Ltd. စင်တာတာဝန်ခံ ကျန်းလေက ယခုနှစ် စက်တင်ဘာလဆန်းပိုင်းအချိန်မှစတင်၍ ကန်းစုပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် 5G ကွန်ရက်လွှမ်းခြုံနိုင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်အတွင်းရှိ စီရင်စုများ၏ အဓိကမြို့များတွင် 5G ကွန်ရက်လွှမ်းခြုံနိုင်ရန် အလေးထားဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကန်းစုမိုဘိုင်း နှင့် ကျိုချွင်းကန်းထျယ် ကုမ္ပဏီ တို့က အတူတကွပူးပေါင်းတည်ဆောက်ခဲ့သည့် 5G မောင်းသူမဲ့ သတ္တုတွင်းကားစီမံကိန်းသည်လည်း တရားဝင်စတင်အသုံးပြုနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ၏ အကြီးဆုံးနီကယ်ကိုဘော့ထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီဖြစ်သော ကျင်းချွမ်း ကုမ္ပဏီ နှင့် ကန်းစုမိုဘိုင်း တို့ အတူတကွ တီထွင်ထုတ်လုပ်ခဲ့သည့် “5G+သတ္တုသယ်ဆောင်ယာဉ်” အဝေးထိန်းစနစ်သည်လည်း ပြည်နယ်အတွင်းရှိ စီရင်စုအသီးသီးတွင် 5G ကွန်ရက်လွှမ်းခြုံနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အင်ဂျင်နီယာအကယ်ဒမီ၏ပညာရှင် လီဖေကိန်း က လက်ရှိချိန်တွင် သာမန်ပြည်သူများအနေဖြင့် စမတ်ဘဏ္ဍာရေး ၊ စမတ်ပညာရေး ၊ ကားနှင့်ကွန်ရက်ချိတ်ဆက်မှု စသည့် 5G အသုံးပြုရသောနေရာများတွင်နက်ရှိုင်းစွာ ထိတွေ့ခံစားသွားနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် 5G က ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပိုမိုတွင်ကျယ်စွာ အသုံးတော်ခံမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.