ပါရီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပြင်သစ်နိုင်ငံသမ္မတ(ဟောင်း)နီကိုလပ်စ်ဇာကိုဇီ(Nicolas Sarkozy)သည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ၎င်း၏ ဩဇာကို အသုံးပြု၍ နည်းလမ်းမကျသောပုံစံမျိုးဖြင့် သတင်းအချက်အလက်စုဆောင်းကာ ရွေးကောက်ပွဲလွှမ်းမိုးမှုရရှိစေရန် လုပ်ဆောင်မှု နှင့် အဂတိလိုက်စားမှု တို့ဖြင့် တရားစွဲဆို ခံထားရခြင်းအပေါ်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇...
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကာကွယ်ဆေးကို အမြန်ဆုံး ပြည်သူများအား ထိုးပေးနိုင်အောင် စီစဉ်မည်ဟု COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ၈ လကျော် ကြာမြင့်လာချိန်တွင် အတည်ပြုလူနာ စုစုပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ...
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ၊ ၇ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့သည် ၎င်းတို့ နေအိမ်များတွင် quarantine အသီးသီး ဝင်လျက် ရှိကြောင်း ကျန်းမာရေးနှင့်အကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက မီဒီယာသို့ ယနေ့အတည်ပြုပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင် နေရာနှစ်ခုအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောကြားသည်။
ဂျကာတာ၊ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်း နှင့် ယင်းကာကွယ်ဆေးများဖြန့်ဖြူးရာတွင် မပျက်စီးအောင် ၊ ဘေးကင်းလုံခြုံအောင် သိမ်းဆည်းထားနိုင်ရန်အတွက် အအေးခန်းပါ မော်တော်ယာဉ်များကို ကောင်းစွာပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Terawan Agus Putranto က ယနေ့...
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်ထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၁,၄၄၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံ စုစုပေါင်း...
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ထပ်မံ ရှိလာခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်တစ်ခုအတွက် ရုရှားနိုင်ငံမော်စကို မှ အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းဆိုက်ရောက်လာသည့် ရုရှားလေကြောင်းလိုင်း Aeroflot ၏ လေယာဉ်တစ်စင်းအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း Sputnik သတင်းဌာနက ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။