ကာရာကာ့စ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က အစိုးရကိုယ်စားလှယ်အဖွဲ့က ဘာဘေးဒို့စ်နိုင်ငံတွင် အတိုက်အခံအဖွဲ့နှင့် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ တွင် ယနေ့ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၃၂)မိနစ်၊ (၁၅)စက္ကန့် အချိန်၌ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အာဆီယံ အစားအစာပွဲတော် ၂၀၁၉ (ASEAN Food Festival -2019)ကို သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် မန္တလေးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ဖနွမ်းပင် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်းသို့ခွင့်ပြုချက် အထောက်အထားမဲ့ အမေရိကန်ဒေါ်လာငွေ ၂.၂ သန်း ယူဆောင်လာမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် တရုတ်-မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ တစ်ရပ်အား ယနေ့ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့တွင် တရုတ်-မြန်မာ ပညာရှင်များ ပါဝင်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တီဟီရန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်တောင်ပိုင်း Khuzestanပြည်နယ်တွင် ဇူလိုင် ၈ ရက်က ပြင်းအား ၅.၇ အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ကားနံပတ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) ၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဇူလိုင် ၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၈း၄၉နာရီ တွင် ဖီဂျီနိုင်ငံ၊ ဖီဂျီကျွန်း ၏ တောင်ဘက်၌ အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကဆိုသည်။
ကာရာကပ်စ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီတို့၏ ပြန်လည်တွေ့ဆုံဆွေးနွေးပွဲကို ကာရီဘီယံကျွန်းနိုင်ငံ ဘာဘေးဒို့စ်တွင် ယခုရက်ပိုင်းများအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား ဗင်နီဇွဲလား နိုင်ငံ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ၎င်း၏လူမှုမီဒီယာမှတစ်ဆင့် ဖော်ပြထားသည်။