Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင်  ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုင်းဆတ်မြို့တွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်( တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၅ ရပ် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင်  အောက်တိုဘာ ၄ ရက် မွန်းလွဲ ၂နာရီ ၅၀ မိနစ်ခန့်က ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

 မိုင်းဆတ်မြို့၏ အရှေ့ဘက် မီတာ ၁,၅၀၀ ခန့်အကွာရှိ တန့်ဆိုင်ကျေးရွာအနီး၌မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် တန့်ဆိုင်-မိုင်းဆတ်သွားကားလမ်းအတိုင်း မောင်းနှင်လာသည့်  Vigo အမျိုးအစားမော်တော်ယာဉ်အမှတ်၊ YGN/1N—  ၁ စီးအား တွေ့ရှိသဖြင့် စစ်ဆေးရန်တားဆီးရာ ကားပေါ်ပါရှိသည့် လူငယ် ၂ ဦးသည် မော်တော်ယာဉ်အားရပ်တန့်၍   ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်တန့်ထားသည့်မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ်ပေါ်၌ ဆာလာအိတ် ၂၀ အိတ်အတွင်းမှ  အိုက်စ် ၅၀၀ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀ ဘီလီယံခန့်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” တစ်နေ့ကတင် မိုင်းဆတ်မှာပဲ ငွေကျပ်သိန်းပေါင်း ၂၃,၀၀၀ကျော် ဖိုး မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့သိမ်းမိထားသေးတယ်၊ အောက်တိုဘာ ၁ရက်နေ့က၊ ခု ၁၀ ဘီလီယံကျော်ဖိုး ထပ် သိမ်းမိတယ်၊ ပိုင်ရှင်ဖမ်းဆီးရမိရေး ကွင်းဆက်တွေကို ကျွန်တော်တို့ ဆက်လိုက်နေပါတယ်” ဟု ရှမ်းပြည်နယ် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောကြားသည်။ယင်း သိမ်းဆည်းရမိမော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို မိုင်းဆတ်မြို့၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။  (Xinhua)