ကဘူးလ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazniပြည်နယ် Ghazniမြို့တွင် ဇူလိုင် ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန် အစိုးရ အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်၌ ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ် အတွက် မိုးလေဝသ...
နယူးဒေလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) ၌ ယနေ့နံနက်အစောပိုင်းတွင် ရေနှုတ်မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။(Xinhua)
မော်စကို၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် (Samdech Techo Hun Sen) က ၎င်း၏ ညာဘက် ပုခုံး ကြွက်သား နာကျင်မှုဝေဒနာအား ကုသရန် စင်ကာပူ နိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရုတ်ဘာသာဧည့်လမ်းညွှန်များတွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့(ဇူလိုင် ၇ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ(Finance Conference 2019)ကို ယနေ့ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့နေ့လည်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ...
နယူူးဒေလီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပန်းရောင်မြို့တော်ဟု လူသိများသည့် ဂျိုက်ပူမြို့(Jaipur) ကို ယူနက်စကို(UNESCO) ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Plantation ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇူလိုင် ၆ ရက်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။