Connect with us

Asia

အိန္ဒိယနိုင်ငံ၌ လေယာဉ်ငယ်ပျက်ကျမှုအတွင်း ရေတပ်အရာရှိနှစ်ဦး သေဆုံး

၀၁၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ကျရောက်သော ၈၅ နှစ်မြောက် အိန္ဒိယလေတပ် တပ်ဖွဲ့နေ့တွင် စစ်ရေးပြနေသော တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၌ ယနေ့နံနက်ပိုင်း (အောက်တိုဘာ ၄ ရက်) တွင် ဂလိုက်ဒါလေယာဉ်ငယ် တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အိန္ဒိယရေတပ်(IN) မှ အရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း နယူးဒေလီမြို့ရှိ ရေတပ်အရာရှိ(IN) သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဂလိုက်ဒါလေယာဉ်ငယ်သည် INS Garuda စစ်သင်္ဘောပေါ်မှ ပုံမှန်လေ့ကျင့်ပျံသန်းမှုပြုလုပ်ရန် စတင်ပျံသန်းထွက်ခွာသွားပြီးနောက် မကြာမီမှာပင် Kerala ပြည်နယ် Kochi ခရိုင်အတွင်းရှိ Thoppumpady တံတားအနီးတွင် ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ရေတပ်အရာရှိနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ အဆိုပါ လေယာဉ်ငယ်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေတပ်အရာရှိနှစ်ဦး၏ အမည်နှင့်ရာထူးကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း နှင့် ၎င်းတို့နှစ်ဦးစလုံးသည် လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အသက်သေဆုံးခဲ့ရကြောင်း INHS Sanjivani ဆေးရုံမှ တာဝန်ကျ ဆရာဝန်များက ထုတ်ဖော်ပြောကြားခဲ့သည်။အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးသွားရန် အိန္ဒိယရေတပ် တောင်ပိုင်းရေတပ်ဌာနချုပ်က အမိန့်ပေးညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း အရာရှိက အတည်ပြုပြောကြားခဲ့သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.