Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၅၉၉ ဦးရှိ

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သော နောက်ဆုံး ၂၄ နာရီအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါဖြင့် သေဆုံးသူ ၅၉၉ ဦးထိ ရှိခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း ၁၄၅,၉၈၇ ဦးထိရှိလာခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ရက် နှောင်းပိုင်းအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာသစ် ၂၆,၃၁၀ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ခံရသူပေါင်း ၄,၉၀၆,၈၈၃ ဦးထိရှိလာခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြင့် လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် အမေရိကန်နိုင်ငံနောက် ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း နှင့်  ရောဂါကူးစက်ခံရမှုတွင် အမေရိကန် ၊ အိန္ဒိယ နိုင်ငံများနောက် တတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော ဆော်ပေါ်လိုပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၀၃,၄၂၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၆,၁၃၆ ဦးရှိခဲ့ကြောင်း သိရသည်။(Xinhua)