ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနှင့် အနော်ရထာလမ်းဒေါင့်ရှိ CBဘဏ်၌ ယနေ့နံနက် ၁၀နာရီ ခွဲ ခန့်က သေနတ်ဖြင့်ခြိမ်းခြောက်ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၁၀၀ကျော် ယူဆောင်သွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေက ဆင်ဟွာသို့...
ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဝေဘုန်းဟယ်သည် ဩဂုတ် ၆ ရက်က အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် တိကျရှင်းလင်းသည့်မူဘောင်များ သတ်မှတ်ထားရှိရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် မပါဝင်သေးသည့် နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ခုတွင် COVID-19 ရောဂါဖြစ်ပွားမှုကာလ အတွင်း တစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မှ လက်ထောက်အတွင်းဝန် ဒေါ်နွဲ့ယဉ်အေး က ဆင်ဟွာကို သြဂုတ်...
ဘေရွတ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက် က ဖြစ်ပွားခဲ့သည့် ကြီးမားသော ပေါက်ကွဲမှုအတွင်း စုစုပေါင်း လူ ၁၃၅ ဦး အထိ သေဆုံးကာ ဒဏ်ရာရရှိသူ ၅,၀၀၀ ဦးခန့် ရှိကြောင်း ...
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆင်ဟွာသတင်းဋ္ဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် တရုတ်နိုင်ငံအနေဖြင့်“ စစ်အေးတိုက်ပွဲသစ်”ပုံစံ မည်သည့် ဖန်တီးကြိုးပမ်းလုပ်ဆောင်မှုမျိုးကိုမဆို လက်မခံကြောင်း ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံရှိပြည်သူများအားလုံး၏ အခြေခံရပိုင်ခွင့်များ အကျိုးစီးပွားများကို ထိခိုက်ပျက်စီးစေရုံသာမကဘဲ တစ်ကမ္ဘာလုံး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလည်း...
ဘေရွတ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုစုပေါင်း ဘေရွတ်ဆိပ်ကမ်းအလုပ်သမား ၁၆ ဦးကို ထိန်းသိမ်းထားကြောင်း စစ်ခုံရုံးတရားသူကြီးဆိုင်ရာ အစိုးရကော်မရှင်နာမင်းကြီး Fadi Akiki က သြဂုတ် ၆ ရက်ညနေက ကြေညာခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) လူစီးမော်တော်ယာဉ်များအတွက် ပြည်ပမှ တင်သွင်း ယာဉ်မှတ်ပုံတင်ခနှုန်းထားများအား COVID-19 ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့် အနေဖြင့် ယနေ့ သြဂုတ်လ (၇) ရက်၊ သောကြာနေ့မှ စပြီး လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့်...
ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က သြဂုတ် ၆ ရက် တွင် အတည်ပြုလက်မှတ် ဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် မှတ်ပုံတင်ခြင်း...
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အင်ဂျင်နီယာနှစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး တစ်ဦးကို မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။