Connect with us

Local

ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီ အား DICA က မှတ်ပုံတင်ခွင့်ပြု 

ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ပြီးစီးချိန် တွင် မြင်တွေ့ရမည့် သရုပ်ပြပုံ(ဓာတ်ပုံ - အင်တာနက်)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က သြဂုတ် ၆ ရက် တွင် အတည်ပြုလက်မှတ် ဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် မှတ်ပုံတင်ခြင်း အား ခွင့်ပြုချက်ပေးအပ်ခဲ့သည်။

၎င်းမှာ  ကျောက်ဖြူစီမံကိန်း အတွက်  ကြီးမားသည့် တိုးတက်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၈ ရက် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ခဲ့စဉ် မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့၏ ရှေ့မှောက်တွင် CITIC Group နှင့် မြန်မာ နိုင်ငံ သက်ဆိုင်ရာ ဌာန တို့က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူညီချက် များ အပြန်အလှန် ပေးအပ်ခဲ့သည်။  (Xinhua)