Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီးရှိ CBဘဏ်အတွင်း သေနတ်ဖြင့်ခြိမ်းခြောက်ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၁၀၀ကျော် ယူဆောင်သွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဟုဆို

ပန်းတနော်မြို့ရှိ CBဘဏ်အား ဓားပြလာတိုက်သူအား CCTVမှ တွေ့မြင်နေရစဉ် (ဓတ်ပုံ-ပန်းတနော်ပြန်ဆက်)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနှင့် အနော်ရထာလမ်းဒေါင့်ရှိ CBဘဏ်၌ ယနေ့နံနက် ၁၀နာရီ ခွဲ ခန့်က   သေနတ်ဖြင့်ခြိမ်းခြောက်ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၁၀၀ကျော် ယူဆောင်သွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေက ဆင်ဟွာသို့ ပြောကြားသည်။

“ဘဏ်ကိုဓားပြတိုက်ချိန်တစ်ယောက်ထဲလို့ လောလောဆယ် သုံးသပ်ထားပါတယ်၊ အမြန်ဆုံးဖမ်းမိရေးဆောင်ရွက်နေတယ်” ဟု ဒုတိယရဲမှူးကြီးက ဆိုသည်။

ပန်းတနော်မြို့ရှိ CBဘဏ်အား ဓားပြလာတိုက်သူအား CCTVမှ တွေ့မြင်နေရစဉ် (ဓတ်ပုံ-ပန်းတနော်ပြန်ဆက်)

ပန်းတနော်မြို့ရှိ CBဘဏ်အား ဓားပြလာတိုက်သူအား CCTVမှ တွေ့မြင်နေရစဉ် (ဓတ်ပုံ-ပန်းတနော်ပြန်ဆက်)

အဆိုပါ ဘဏ်အတွင်း မိုးကာအင်္ကျီ အဖြူ ၊လက်အိတ်အမဲကို ဝတ်ဆင်လာပြီး နှာခေါင်းစည်း(Mask) တပ်ဆင်လာသူ လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် သေနတ် အတိုတစ်လက် ကိုင်ဆောင်လာ၍ ဘဏ်မှဝန်ထမ်းများအား ခြိမ်းခြောက်၍  ငွေကျပ်သိန်း (၁၀၀) ကျော်ခန့်အား လုယူထွက်ပြေးကြောင်း သိရသည်။

” ဘဏ်ထဲကိုသေနတ်နဲ့ဝင်လာပြီး ဝန်ထမ်းတစ်ယောက်ကို အသင့်ပါလာတဲ့ အိတ်အနက်ရောင် (ပလတ်စတစ်အိတ်)ပစ်ပေးပြီး ပိုက်ဆံထည့်ခိုင်းတယ်၊ ပြီးတော့ ဘဏ်ဝန်ထမ်းတွေရော ငွေလာထုတ်သူတွေကိုရော မလှုပ်ဖို့ သေနတ်နဲ့ ချိန်ပြီး ပြောတယ်၊ ဘဏ်ဝန်ထမ်းကောင်လေးကိုလာပေးခိုင်းပြီး ထွက်သွားတယ်” ဟု CBဘဏ် ဝန်ထမ်းတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ယင်း ဘဏ်ဓါးပြတိုက်မှုဖြစ်ပွားချိန်တွင် ဘဏ်အတွင်း၌ ဘဏ်ဝန်ထမ်းနှင့် ဧည့်သည်အပါအဝင် ၉ဦးခန့်ရှိကြောင်း၊သေနတ်ဖြင့်ချိန်ရွယ်ထားမှုကြောင့် ကြောက်ရွံ့မှုရှိပြီး ခုံအာက်တွင် မိန်းကလေးဝန်ထမ်းအချို့ ပုန်းအောင်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

 ဘဏ်ဓါးပြတိုက်သွားသည့် တရားခံအားဖမ်းဆီးရမိရေးအတွက် ထွက်သွားရာလမ်းကြောင်းများအား လိုက်လံရှာဖွေစစ်ဆေးနေကြောင်း ပန်းတနော်ရဲစခန်းထံမှ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.