Connect with us

Politics, Law & Military

ပြည်ပမှ တင်သွင်းသည့် လူစီး မော်တော်ယာဉ်များ မှတ်ပုံတင်ခ နှုန်းထား ဖြေလျှော့ သတ်မှတ်

ရန်ကုန်မြို့တွင်း၌ သွားလာလျက်ရှိသော ယာဉ်များအား တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

လူစီးမော်တော်ယာဉ်များအတွက် ပြည်ပမှ တင်သွင်း ယာဉ်မှတ်ပုံတင်ခနှုန်းထားများအား COVID-19 ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့် အနေဖြင့် ယနေ့ သြဂုတ်လ (၇) ရက်၊ သောကြာနေ့မှ စပြီး လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ လက်ရှိကောက်ခံနေသည့် မှတ်ပုံတင်ကြေး နှုန်းထားများမှ ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြေလျှော့လိုက်ခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က “အရင်တစ်ခါ ဖြေလျှော့တာက အကောက်ခွန်ပါ၊ အခုက က. ည. န က နေ ပြည်ပ တင်သွင်း လူစီးကား မှတ်ပုံတင်ခ လျှော့ပေးတာ၊ အဲဒီ မှတ်ပုံတင် ကိစ္စ မလုပ်ခင်မှာ အကောက်ခွန်တို့၊ ကုန်သွယ်ခွန်တို့၊ ဝင်ငွေခွန်တို့ကို အရင်သပ်သပ် ပေးဆောင်ရ မှာပါ၊ အခုလို ဖြေလျှော့လိုက်တဲ့အတွက် ပြည်ပ တင်သွင်းကားဈေးတွေ ကျသွားနိုင်ပေမယ့် ပြည်တွင်းက ဖက်စပ် ကားဈေးကွက်ကို မထိခိုက်နိုင်ပါဘူး၊ သူ့အကြိုက်နဲ့သူ၊ သူ့ဈေးကွက်နဲ့သူ ရှိနေကြတာ ဖြစ်လို့ပါ” ဟု ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

စက်စွမ်းအား ၁,၃၅၀ စီစီနှင့် အောက် လူစီးယာဉ် အမျိုးအစားအတွက် လက်ရှိ ကောက်ခံနေသည့်၃၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်စွမ်းအား ၁,၃၅၁ စီစီမှ ၂,၀၀၀ စီစီ အထိ လူစီး ယာဉ် အမျိုးအစားအတွက် လက်ရှိ ၅၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်စွမ်းအား ၂,၀၀၁  စီစီမှ ၅,၀၀၀ စီစီ အထိ လူစီး ယာဉ် အမျိုးအစားအတွက် လက်ရှိ ၈၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်စွမ်းအား ၅,၀၀၁ စီစီနှင့် အထက် လူစီး ယာဉ် အမျိုးအစားအတွက် လက်ရှိ ၁၂၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းသို့ လည်းကောင်း ဖြေလျှော့ လိုက်ကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117