Connect with us

News

လူပေါင်း ၁၃၅ ဦးအထိ သေဆုံးခဲ့သည့် ဘေရွတ်မြို့ ဆိပ်ကမ်းပေါက်ကွဲမှု အပြီး မြင်ကွင်းများ

 

ဘေရွတ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက် က ဖြစ်ပွားခဲ့သည့် ကြီးမားသော ပေါက်ကွဲမှုအတွင်း စုစုပေါင်း လူ ၁၃၅ ဦး အထိ သေဆုံးကာ ဒဏ်ရာရရှိသူ ၅,၀၀၀ ဦးခန့် ရှိကြောင်း  ဩဂုတ် ၆ ရက် မနက်ပိုင်းအထိ ရရှိထားသည့်စာရင်းများအရ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်ဘနွန်နိုင်ငံ သမ္မတ Michel Aoun သည် အဆင့်မြင့်လုံခြုံရေးကောင်စီ နှင့် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး လက်ဘနွန်နိုင်ငံ အား နှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က လက်ဘနွန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် စာနာဝမ်းနည်းကြောင်း သဝဏ်လွှာ တစ်စောင်ကို လက်ဘနွန်နိုင်ငံသမ္မတ Michel Aoun ထံ ဩဂုတ် ၅ ရက်က ပေးပို့ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားကြောင်းများ အသီးသီး ဖော်ပြခဲ့ကြသည်။ 

လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂ ကြားခံတပ်ဖွဲ့ (UNIFIL) ၏ တောင်းဆိုချက်အရ လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၈ သုတ်မြောက်သည် ခွဲစိတ်၊ ရောဂါရှာဖွေရေးနှင့် ကုသရေး၊ မီးလောင်မှုများနှင့် မေ့ဆေးပညာရပ်ဆိုင်ရာ နယ်ပယ်များမှ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၉ ဦးပါဝင်သော အရေးပေါ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့်အတူ အကာအကွယ် ကိရိယာများ သယ်ဆောင်ကာ ဘေရွတ်မြို့သို့ သွားရောက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခု ရုပ်သံ မှာ ဘေရွတ်မြို့ဆိပ်ကမ်းတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် အပျက်အစီးများကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။  (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.