ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာရပ်များနှင့် ပတ်သက်၍ ပြောကြားရာတွင် အပြန်အလှန်လေးစားမှုနှင့် ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်မှု စည်းမျဉ်းများအား စောင့်ထိန်းမှုများအပေါ်အခြေခံ၍ ညီမျှသော ဆွေးနွေးညှိနှိုင်းမှုအတွက် ဇွန်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ က အာရှနိုင်ငံများနှင့် ၎င်းတို့၏ မိတ်ဖက်နိုင်ငံများအား အများနှင့်ဆိုင်သော၊ ဘက်စုံပြည့်စုံသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့မှုရှိသော လုံခြုံရေးအား စောင့်ထိန်းရန်နှင့် အာရှအတွက် စုပေါင်းလုံခြုံမှုအား နားလည်သဘောပေါက်ရန် အာရှသွင်ပြင်လက္ခဏာများဖြင့် ဒေသတွင်းလုံခြုံရေး ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအား ဖော်ထုတ်ရန် ဇွန်လ ၁၅...
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဒူရှန်းဘီ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တာဂျစ်ကစ္စတန်နိုင်ငံ၊ဒူရှန်းဘီမြို့တွင်ကျင်းပမည့် Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ် မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန်တို့အတွက် တာဂျစ် ကစ္စတန် နိုင်ငံသို့ဇွန်လ...
ဘီရှ်ကတ် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၁၄ ရက် ၌ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် မွန်ဂိုလီးယား နိုင်ငံ သမ္မတ ခါလ်မာဂျင်း ဘတ်တူလ်ဂါ (Khaltmaagiin...
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုဒရိုကလိုရစ်အက်ဆစ် ၁၁၀၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅၀ သိန်း)နှင့် ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဆာလဖျူရစ်အက်ဆစ် ၅၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဆန်နား၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက် အက်ဘ်ဟာလေဆိပ် လတ်တလောတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း ယင်းအဖွဲ့၏ အယ်လ်မာစီရာရုပ်သံက ဇွန်လ ၁၄ ရက် အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။