ချင်းမိုင် ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinai ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ၅ ထပ်အဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခေါင်မိုးနှင့်ကြမ်းခင်းအစိတ်အပိုင်းအချို့ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နှင်းကျားသစ် ကွန်မန်ဒိုတပ်ဖွဲ့ အား အကြမ်းဖက်တိုက်ဖျက်ရေးကို အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ကာ ၂ဝဝ၂ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။နှင်းကျားသစ် ကွန်မန်ဒိုတပ်ဖွဲ့ဝင် Liu Yang က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အရမ်းကို ကြိုးပမ်းအားထုတ်ရပါတယ်။ လူတစ်ချို့က ကျွန်တော်တို့အကြောင်းကို ရုပ်ရှင်တွေကတစ်ဆင့်သိကြရပြီး ပိတ်ကားတွေရဲ့နောက်မှာ ဘယ်လောက်ကြိုးစားအားထုတ်ရတယ်ဆိုတာတော့...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ရခိုင် ပြည်နယ် ၊ ကျောက်ဖြူ မြို့နယ် ပြင်ရှည် ကျေးရွာ လှေဆိပ်အနီး ကမ်းပေါ်၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် စက်လှေ ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ကြောင်း...
မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) IS စစ်သွေးကြွအုပ်စုအား ငွေကြေးထောက်ပံ့နေသည့် အမျိုးသမီးတစ်ဦးအား ရုရှားအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ နှင့် ဖယ်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) က ဖေဖော်ဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ Starbucks ကော်ဖီ ကုမ္ပဏီက အီတလီ ဟင်းလျာများ နှင့် ဖျော်ရည် အမျိုးမျိုးအား အဓိက ပါဝင်သော ပထမဦးဆုံး အီတလီ အစားအစာ စားသောက်ဆိုင် ဖွင့်လှစ်သွားမည်ဟု ကုမ္ပဏီဘက်မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ထိုသို့ဖွင့်လှစ်ရခြင်းသည်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တိုးချဲ့တည်ဆောက်ရန် နှင့် ၎င်း၏ မဲဆွယ်ကာလ ကတိကဝတ်အား ဖြည့်ဆည်းရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားစေတီပုထိုး ၃၈၉ ဆူ အနက် ၃၃၅ ဆူအား ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီး ဌာန၏...
ချီကာဂို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့စွန် Aurora မြို့ ရှိ ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက် က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။