Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်၌  ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျရာ လူ ၂ ဦး သေဆုံး

ချောက်အတွင်းထိုးကျနေသာ ယာဉ်အား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ)

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ယနေ့ (မေ ၃၁ ရက်) နံနက်အစောပိုင်း၌ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါ လူ(၂) ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကလေးမြို့မှ ထာလ်မွာလ်ကျေးရွာသို့ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျခဲ့ကြောင်း၊ အဆိုပါ ချောက်အတွင်း ထိုးကျသွားသောကုန်တင်ယာဉ်အား တီးတိန်မြို့နယ်မီးသတ်စခန်းနှင့် တွီးထန်နယ်မြေမီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောက်အတွင်းထိုးကျနေသာ ယာဉ်အား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(မီးသတ်ဦးစီးဌာန)

ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်  ကျား(၂ )ဦး အား SHALOM လူငယ်လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117